Acts 12:17 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။
Burmese 1835 Version Judson
ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတပါးသို့သွားလေ၏။
Burmese 1928
ထို အ ခါ ပေ တ ရု သည် ဆိတ် ဆိတ် နေ ကြ စေ ရန် လက် ရိပ် ပြ လျက် နှောင် အိမ် ထဲ မှ ထာ ဝ ရ ဘု ရား မည် သို့ ထုတ် ဆောင် တော် မူ ကြောင်း ဖော် ပြ ပြီး လျှင် ဤ အ ကြောင်း အ ရာ များ ကို ယာ ကုပ် နှင့် ညီ အစ် ကို တို့ အား ကြား ပြော ကြ လော့ ဟု မှာ၍ အ ခြား သို့ ထွက် သွား၏။
Burmese 2021
ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-
Burmese JBZV
ေပ​တ​႐ု​သည္​လည္း ထို​သူ​တို႔​ကို​တိတ္​ဆိတ္​စြာ ေန​ေစ​ျခင္း​ငွာ မိ​မိ​လက္​ႏွင့္​အ​မွတ္​ေပး၍ မိ​မိ​ကို ေထာင္​ထဲ​က သ​ခင္​ဘု​ရား​ႏုတ္​ေတာ္​မူ ေသာ​အ​ေၾကာင္း​အ​ရာ​ကို ေဖာ္​ျပ​ၿပီး​မွ၊ သင္​တို႔​သြား၍ ယာ​ကုပ္​ႏွင့္ ညီ​အစ္​ကို​တို႔​အား ဤ​အ​ေၾကာင္း​မ်ား​ကို ျပန္​ၾကား​ၾက​ေလာ့​ဟု ဆို​ၿပီး​လၽွင္၊ ထြက္၍​အ​ျခား​တစ္​ပါး​သို႔ သြား​ေလ၏။-
Burmese MCLZV
ေပ​တ​႐ု​က​ဆိတ္​ဆိတ္​ေန​ၾက​ရန္​လက္​ရိပ္​ျပ ၿပီး​လၽွင္ မိ​မိ​အား​သ​ခင္​ဘု​ရား​သည္​အ​ဘယ္ သို႔​ေထာင္​ထဲ​မွ​ထုတ္​ေဆာင္​လာ​ေၾကာင္း​ကို​ေျပာ ျပ​ေလ​၏။ ထို​ေနာက္ ``ဤ​အ​ေၾကာင္း​ကို​ယာ​ကုပ္ ႏွင့္​အ​ျခား​ညီ​အစ္​ကို​တို႔​အား​ေျပာ​ျပ​ၾက​ပါ'' ဟု​မွာ​ၾကား​ၿပီး​လၽွင္​အ​ျခား​အ​ရပ္​သို႔​ထြက္ ခြာ​သြား​၏။
Burmese MSBU
ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။
Burmese MSBZ
ေပတ႐ု​သည္ သူ​တို႔​ကို တိတ္ဆိတ္​စြာ​ေန​ၾက​ရန္​လက္ရိပ္​ျပ​ၿပီး သခင္​ဘုရား​သည္ မိမိ​အား ေထာင္​ထဲမွ မည္ကဲ့သို႔ ထုတ္ေဆာင္​လာ​ခဲ့​သည္​ကို သူ​တို႔​အား ေျပာျပ​၏။ ထို႔ေနာက္ “ဤ​အေၾကာင္းအရာ​မ်ား​ကို ယာကုပ္​ႏွင့္​ညီအစ္ကို​တို႔​အား ေျပာျပ​ၾက​ေလာ့”​ဟု ဆို​ၿပီးလွ်င္ အျခား​အရပ္​သို႔ ထြက္ခြာ​သြား​ေလ​၏။