Acts 12:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။-
Burmese 1835 Version Judson
ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
Burmese 1928
တ ဆေး မဲ့ မုန့် ပွဲ အ ခါ ဖြစ် သ ဖြင့် ပ သ ခါ ပွဲ ပြီး မှ ပြည် သူ ပြည် သား တို့ အ ရှေ့ ထုတ် မည့် အ ကြံ နှင့်၊ စစ် သည် အ စောင့် အ ကြပ် တစ် ဆယ့် ခြောက် ယောက် တို့ လက် သို့ ပေ တ ရု ကို အပ်၍ နှောင် အိမ် ချ ထား သည့် အ တိုင်း၊
Burmese 2021
ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။-
Burmese JBZV
ေပတ႐ုကိုလည္း ဖမ္းဆီးၿပီးမွ၊ ပသခါပြဲလြန္လၽွင္ လူမ်ားတို႔အား ထုတ္ေပးမည္အႀကံႏွင့္ အေစာင့္အေရွာက္စစ္သူရဲ တစ္က်ိပ္ေျခာက္ေယာက္တို႔၌အပ္၍ ေထာင္ထဲမွာ ေလွာင္ထားေလ၏။-
Burmese MCLZV
ေဟ႐ုဒ္သည္ေပတ႐ုကိုဖမ္းဆီးၿပီးေနာက္ စစ္ သားေလးေယာက္စီပါေသာတပ္စုငယ္ေလးစု လက္သို႔အပ္ကာအက်ဥ္းခ်ထား၏။ ပသခါ ပြဲလြန္ေသာအခါ သူ႔ကိုယုဒအမ်ိဳးသား တို႔ေရွ႕တြင္စစ္ေဆး၍ဒဏ္စီရင္ရန္အႀကံ ရွိ၏။-
Burmese MSBU
ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
Burmese MSBZ
ေဟ႐ုဒ္မင္းသည္ ေပတ႐ုကိုဖမ္းဆီး၍ေထာင္ထဲ၌ထည့္ထားၿပီးလွ်င္ သူ႔ကိုေစာင့္ၾကပ္ရန္ စစ္သားေလးဦးျဖင့္ဖြဲ႕ထားေသာ တပ္ဖြဲ႕ေလးဖြဲ႕ထံသို႔ အပ္ႏွံထား၏။ သူသည္ ပသခါပြဲေတာ္လြန္လွ်င္ ေပတ႐ုကို လူထုေရွ႕တြင္ထုတ္ေဆာင္ရန္ ႀကံ႐ြယ္ထားေလ၏။