Acts 14:21 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။-
Burmese 1835 Version Judson
ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။
Burmese 1928
ထို မြို့ သူ မြို့ သား တို့ အား သ တင်း တော် မြတ် ကို ကြား ပြော၍ တ ပည့် တော် အ များ ဖြစ် စေ ကြ ပြီး နောက် လု တ္တ ရ မြို့၊ ဣ ကော နိ မြို့၊ အ န္တိ အုတ် မြို့ များ သို့ ပြန် ရောက် ရာ၊
Burmese 2021
ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။-
Burmese JBZV
ထို​ၿမိဳ႕၌ ဧ​ဝံ​ေဂ​လိ​တ​ရား​ကို ေဟာ​ေျပာ၍ လူ​မ်ား​တို႔​ကို တ​ပည့္​ေတာ္​ျဖစ္​ေစ​ၿပီး​မွ၊ လု​တၱ​ရ​ၿမိဳ႕၊ ဣ​ေကာ​နိ​ၿမိဳ႕၊ အ​ႏၲိ​အုတ္​ၿမိဳ႕​တို႔​ကို အ​စဥ္​အ​တိုင္း လွည့္​လည္၍​ျပန္​ၾက၏။-
Burmese MCLZV
ေပါ​လု​ႏွင့္​ဗာ​န​ဗ​တို႔​သည္​ေဒ​ရ​ေဗ​ၿမိဳ႕​တြင္ သ​တင္း​ေကာင္း​ကို​ေဟာ​ေျပာ​ေၾက​ညာ​သ​ျဖင့္ လူ​အ​ေျမာက္​အ​ျမား​တ​ပည့္​ေတာ္​မ်ား​ျဖစ္ လာ​ၾက​၏။ ထို​ေနာက္​လုတၱ​ရ​ၿမိဳ႕၊ ဣ​ေကာ​နိ ၿမိဳ႕​ႏွင့္​ပိ​သိ​ဒိ​ျပည္​အႏၲိ​အုတ္​ၿမိဳ႕​သို႔​ျပန္ ၾက​၏။-
Burmese MSBU
သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင်
Burmese MSBZ
သူ​တို႔​သည္ ထို​ၿမိဳ႕​၌ ေကာင္းျမတ္​ေသာ​သတင္း​ကို​ေဟာေျပာ​လ်က္ လူ​မ်ားစြာ​တို႔​ကို တပည့္​ေတာ္​ျဖစ္​ေစ​ၾက​၏။ ထို႔ေနာက္ လုတၱရ​ၿမိဳ႕၊ ဣေကာနိ​ၿမိဳ႕​ႏွင့္ အႏၲိအုတ္​ၿမိဳ႕​မ်ား​သို႔ ျပန္သြား​ၿပီးလွ်င္