Acts 15:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
Burmese 1835 Version Judson
ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
Burmese 1928
ရုပ် ပွား များ ကြောင့် မ သန့် ရာ ရောက် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း၊ ညှစ်၍ သေ သော အ သား၊ အ သွေး ပါ သော အ သား သုံး ဆောင် ခြင်း များ ကို ကြဥ် ရှောင် ကြ စေ ရန် ပ ညတ် သင့်၏။
Burmese 2021
ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း ကြဉ်ရှောင်စေခြင်းငှာ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။-
Burmese JBZV
႐ုပ္တုတို႔၏ ညစ္ညဴးရာကိုလည္းေကာင္း၊ မတရားေသာ ေမထုန္ကိုလည္းေကာင္း၊ လည္ပင္းကိုညႇစ္၍ သတ္ေသာအရာကိုလည္းေကာင္း၊ အေသြးကိုလည္းေကာင္း ၾကဥ္ေရွာင္ေစျခင္းငွာ သူတို႔ကို မွာလိုက္သင့္သည္ဟု ငါသေဘာရွိ၏။-
Burmese MCLZV
သို႔ရာတြင္႐ုပ္တုအားပူေဇာ္ထားသျဖင့္ မသန႔္ စင္သည့္အစားအစာမ်ားကိုစားျခင္း၊ ကာမ ဂုဏ္လိုက္စားျခင္း၊ လည္လိမ္သားႏွင့္ေသြးကို စားသုံးျခင္းတို႔ကိုမူေရွာင္ရွားၾကေစရန္ စာေရး၍အေၾကာင္းၾကားသင့္သည္ဟုငါ ယူဆ၏။-
Burmese MSBU
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
Burmese MSBZ
႐ုပ္တုမ်ားေၾကာင့္ညစ္ညဴးေသာအရာ၊ တရားႏွင့္မညီေမထုန္ျပဳျခင္း၊ လည္ညႇစ္သတ္ေသာတိရစာၦန္ႏွင့္ ေသြးတို႔ကိုေရွာင္ၾကဥ္ၾကရန္ သူတို႔ထံ စာေရးသင့္သည္ဟု ငါယူဆ၏။