Acts 20:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နောက်တစ်နေ့၌ခိအုကျွန်းအနီးသို့ရောက် ကြ၏။ နောက်တစ်ရက်ကြာသော်သာမုကျွန်း သို့ရောက်၍ နောက်တစ်ရက်အကြာတွင်မိလက် မြို့သို့ရောက်ကြ၏။-
Burmese 1835 Version Judson
ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။
Burmese 1928
တက် စီး လျက် မိ တု လင် မြို့ သို့ လွှင့်၍ တစ် ဖန် လွှင့် ပြန် သော်၊ နောက် နေ့ တွင် ခိ အု ကျွန်း ရင် ဆိုင် ရောက် ပြီး လျှင် နောက် တစ် နေ့ သာ မု ကျွန်း တွင် ဆိုက် ကြ၏။ ပေါ လု သည် ပင် တေ ကု တ္တေ ပွဲ မီ ယေ ရု ရှ လင် မြို့ သို့ ရောက် နိုင် လျှင် ရောက် လို၍ အာ ရှိ ပြည် တွင် မ ကြန့် ကြာ ဘဲ ဧ ဖက် မြို့ ကို ရှောင်၍ လျင် လျင် သွား မည် ပြ ဋ္ဌာန်း သည့် အ တိုင်း နောက် နေ့၌ မိ လက် မြို့ သို့ ရောက် ကြ၏။
Burmese 2021
ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာ လျှောက်သွား၍ နောက်တစ်နေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တစ်နေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။-
Burmese JBZV
ထိုၿမိဳ႕မွလႊင့္ျပန္လၽွင္ နက္ျဖန္ေန႔၌ ခိအုကၽြန္းနားမွာ ေလၽွာက္သြား၍ ေနာက္တစ္ေန႔၌ သာမုကၽြန္းသို႔ ေရာက္သျဖင့္၊ တေရာဂုလိအငူစြန္း၌ ေနၾက၏။ ေနာက္တစ္ေန႔၌လည္း မိလက္ၿမိဳ႕သို႔ေရာက္ၾက၏။-
Burmese MCLZV
ေနာက္တစ္ေန႔၌ခိအုကၽြန္းအနီးသို႔ေရာက္ ၾက၏။ ေနာက္တစ္ရက္ၾကာေသာ္သာမုကၽြန္း သို႔ေရာက္၍ ေနာက္တစ္ရက္အၾကာတြင္မိလက္ ၿမိဳ႕သို႔ေရာက္ၾက၏။-
Burmese MSBU
ထိုမြို့မှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်း၏တစ်ဖက်သို့ ရောက်ကြ၏။ ထိုမှ တစ်နေ့ကြာသော် သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။
Burmese MSBZ
ထိုၿမိဳ႕မွ တစ္ဖန္႐ြက္လႊင့္ၾကၿပီး ေနာက္တစ္ေန႔တြင္ ခိအုကြၽန္း၏တစ္ဖက္သို႔ ေရာက္ၾက၏။ ထိုမွ တစ္ေန႔ၾကာေသာ္ သာမုကြၽန္းသို႔ဝင္၍ ေနာက္တစ္ေန႔တြင္ မိလက္ၿမိဳ႕သို႔ေရာက္ၾက၏။