Acts 21:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျွန်ုပ်​တို့​သည်​ထို​သူ​တို့​ထံ​မှ​ခွဲ​ခွာ​ပြီး​လျှင် တည့်​တည့်​သင်္ဘော​လွှင့်​၍​ကော​သ​ကျွန်း​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​ရော​ဒု​ကျွန်း​သို့​လည်း ကောင်း၊ ထို​ကျွန်း​မှ​တစ်​ဖန်​ပါ​တ​ရ​မြို့​သို့ လည်း​ကောင်း​ရောက်​ကြ​၏။-
Burmese 1835 Version Judson
ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။
Burmese 1928
ထို သူ တို့ မှ ထွက် ခွာ၍ သင်္ဘော စီး သော် ငါ တို့ သည် ကော သ ကျွန်း ရောက် ရှေ့ ရှု သွား၍ နောက် နေ့ ရော ဒု ကျွန်း သို့ ရောက် ပြီး လျှင်၊ ထို ကျွန်း မှ ပါ တ ရ မြို့ သို့ ရောက် သည့် ကာ လ၊
Burmese 2021
ထို​သူ​များ​နှင့် ငါ​တို့​သည် ခွာ​သွား၍ သင်္ဘော​လွှင့်​မှ ကော​သ​ကျွန်း​သို့​တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ ရော​ဒု​ကျွန်း​သို့​လည်း​ကောင်း၊ ထို​ကျွန်း​မှ ပါ​တ​ရ​မြို့ သို့​လည်း​ကောင်း ရောက်​ကြ၏။-
Burmese JBZV
ထို​သူ​မ်ား​ႏွင့္ ငါ​တို႔​သည္ ခြာ​သြား၍ သေဘၤာ​လႊင့္​မွ ေကာ​သ​ကၽြန္း​သို႔​တည့္​တည့္​သြား​သ​ျဖင့္၊ နက္​ျဖန္​ေန႔၌ ေရာ​ဒု​ကၽြန္း​သို႔​လည္း​ေကာင္း၊ ထို​ကၽြန္း​မွ ပါ​တ​ရ​ၿမိဳ႕ သို႔​လည္း​ေကာင္း ေရာက္​ၾက၏။-
Burmese MCLZV
ကၽြန္ုပ္​တို႔​သည္​ထို​သူ​တို႔​ထံ​မွ​ခြဲ​ခြာ​ၿပီး​လၽွင္ တည့္​တည့္​သေဘၤာ​လႊင့္​၍​ေကာ​သ​ကၽြန္း​သို႔​ေရာက္ ၾက​၏။ ေနာက္​တစ္​ေန႔​၌​ေရာ​ဒု​ကၽြန္း​သို႔​လည္း ေကာင္း၊ ထို​ကၽြန္း​မွ​တစ္​ဖန္​ပါ​တ​ရ​ၿမိဳ႕​သို႔ လည္း​ေကာင္း​ေရာက္​ၾက​၏။-
Burmese MSBU
ငါ​တို့​သည် သူ​တို့​ထံမှ​ခွဲခွာ​၍ ရွက်လွှင့်​ကာ ကောသ​ကျွန်း​သို့ တိုက်ရိုက်​သွား​ကြ​၏။ နောက်တစ်နေ့​၌ ရောဒု​ကျွန်း​သို့​ရောက်​၍ ထို​နေရာ​မှ​တစ်ဖန် ပါတရ​မြို့​သို့ သွား​ကြ​၏။
Burmese MSBZ
ငါ​တို႔​သည္ သူ​တို႔​ထံမွ​ခြဲခြာ​၍ ႐ြက္လႊင့္​ကာ ေကာသ​ကြၽန္း​သို႔ တိုက္႐ိုက္​သြား​ၾက​၏။ ေနာက္တစ္ေန႔​၌ ေရာဒု​ကြၽန္း​သို႔​ေရာက္​၍ ထို​ေနရာ​မွ​တစ္ဖန္ ပါတရ​ၿမိဳ႕​သို႔ သြား​ၾက​၏။