Acts 21:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယုံကြည်သူလူမျိုးခြားတို့အတွက်မူကား ရုပ်တုများကိုပူဇော်သည့်အစားအစာ၊ သွေး၊ လည်ညှစ်သားတို့ကိုမစားရန်နှင့်ကာမဂုဏ် လိုက်စားမှုကိုရှောင်ကြဉ်ရန် ငါတို့စီရင်ဆုံး ဖြတ်၍သူတို့ထံသို့စာရေးအကြောင်း ကြားပြီးပါပြီ'' ဟုဆိုကြ၏။
Burmese 1835 Version Judson
ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
Burmese 1928
ယုံ ကြည် သော လူ မျိုး ခြား တို့ နှင့် စပ်၍ မူ ကား ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား၊ အ သွေး ပါ သော အ သား၊ ညှစ် ၍ သေ သော အ သား သုံး ဆောင် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း များ ကို ကြဉ် ရှောင် ကြ စေ ရန် သာ စီ ရင် လျက်၊ ငါ တို့ ပ ညတ် လေ ပြီ ဟု အ ကြံ ပေး ကြ သည့် အ တိုင်း၊
Burmese 2021
ယုံကြည်ခြင်းသို့ရောက်သော တစ်ပါးအမျိုးသားတို့မူကား၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ ရှောင်စေခြင်းငှာသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
Burmese JBZV
ယုံၾကည္ျခင္းသို႔ေရာက္ေသာ တစ္ပါးအမ်ိဳးသားတို႔မူကား၊ ထိုသို႔ေသာတရားကိုမက်င့္မေစာင့္ဘဲလ်က္၊ ႐ုပ္တုေရွ႕မွာပူေဇာ္ေသာ ယဇ္ေကာင္ကိုလည္းေကာင္း၊ အေသြးကိုလည္းေကာင္း၊ လည္ပင္းကိုညႇစ္၍ သတ္ေသာအရာကိုလည္းေကာင္း၊ မတရားေသာ ေမထုန္ကိုလည္းေကာင္း၊ ေရွာင္ေစျခင္းငွာသာ ငါတို႔သည္ စီရင္၍ ၾကားလိုက္ခဲ့ၿပီဟုဆိုၾက၏။
Burmese MCLZV
ယုံၾကည္သူလူမ်ိဳးျခားတို႔အတြက္မူကား ႐ုပ္တုမ်ားကိုပူေဇာ္သည့္အစားအစာ၊ ေသြး၊ လည္ညႇစ္သားတို႔ကိုမစားရန္ႏွင့္ကာမဂုဏ္ လိုက္စားမွုကိုေရွာင္ၾကဥ္ရန္ ငါတို႔စီရင္ဆုံး ျဖတ္၍သူတို႔ထံသို႔စာေရးအေၾကာင္း ၾကားၿပီးပါၿပီ'' ဟုဆိုၾက၏။
Burmese MSBU
လူမျိုးခြားတို့ထဲမှ ယုံကြည်လာသောသူတို့အတွက်မူကား ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်ထားသောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ရန် ငါတို့ဆုံးဖြတ်၍ စာရေးသားပေးပို့ကြပြီ”ဟု ဆိုကြ၏။
Burmese MSBZ
လူမ်ိဳးျခားတို႔ထဲမွ ယုံၾကည္လာေသာသူတို႔အတြက္မူကား ႐ုပ္တုအားပူေဇာ္ထားေသာအရာ၊ ေသြး၊ လည္ညႇစ္သတ္ထားေသာတိရစာၦန္ႏွင့္ တရားႏွင့္မညီေမထုန္ျပဳျခင္းတို႔ကို ေရွာင္ၾကဥ္ရန္ ငါတို႔ဆုံးျဖတ္၍ စာေရးသားေပးပို႔ၾကၿပီ”ဟု ဆိုၾက၏။