Acts 26:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
Burmese 1835 Version Judson
ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားစရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ၏။
Burmese 1928
ဓ မ္မာ ရုံ ရှိ သ မျှ တွင် လည်း ကြိမ် ဖန် များ စွာ ဒဏ် ပေး သ ဖြင့် ဘု ရား သ ခင် အား ပုတ် ခတ် ကြ စေ ရန် ခိုင်း ခဲ့ ပါ သည်။ သူ တို့ အ ပေါ် တွင် အ မျက် ဒေါ သ ပြင်း စွာ ထွက် လျက် နိုင် ငံ ခြား မြို့ ရွာ များ တိုင် အောင် လိုက် လံ ညှဉ်း ပန်း ရာ ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် အာ ဏာ ရ လျက်၊
Burmese 2021
ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။
Burmese JBZV
ထိုသူတို႔သည္ ဘုရားသခင္ကို ႏွုတ္ျဖင့္ ျပစ္မွားေစျခင္းငွာ၊ အကၽြန္ုပ္သည္ အနိုင္အထက္ျပဳ၍၊ ခပ္သိမ္းေသာတရားဇရပ္တို႔၌ ႀကိမ္ဖန္မ်ားစြာ ဒဏ္ေပးပါ၏။ ျပင္းစြာေသာ အမ်က္ေဒါသႏွင့္ ယစ္မူးသျဖင့္၊ တစ္ကၽြန္းတစ္နိုင္ငံတိုင္ေအာင္ သူတို႔ကို ညႇဥ္းဆဲႏွိပ္စက္ပါ၏။
Burmese MCLZV
တရားဇရပ္မ်ားတြင္သူတို႔အားႀကိမ္ဖန္ မ်ားစြာအျပစ္ဒဏ္ေပးေစၿပီးလၽွင္ သူတို႔ ၏အယူဝါဒကိုစြန႔္လႊတ္ၾကေစရန္ႀကိဳး စားေဆာင္ရြက္ခဲ့ပါ၏။ သူတို႔အေပၚ၌ ေဒါသစိတ္မႊန္၍ေနသျဖင့္ အကၽြန္ုပ္သည္ နိုင္ငံရပ္ျခားၿမိဳ႕မ်ားသို႔ပင္သြားေရာက္ ၍သူတို႔ကိုညႇဥ္းဆဲခဲ့ပါ၏။''
Burmese MSBU
ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
Burmese MSBZ
ဝတ္ျပဳစည္းေဝးေက်ာင္း တိုင္းတြင္လည္း သူတို႔ကို မၾကာခဏျပစ္ဒဏ္ေပးလ်က္ ဘုရားသခင္ကိုေစာ္ကားေျပာဆိုၾကရန္ အတင္းအက်ပ္ေစခိုင္းခဲ့ပါသည္။ ထိုမွ်မက သူတို႔အေပၚ အလြန္ေဒါသထြက္၍ တိုင္းတစ္ပါးၿမိဳ႕မ်ားသို႔တိုင္ေအာင္ သူတို႔ကို လိုက္လံညႇဥ္းဆဲခဲ့ပါသည္။