Acts 26:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
Burmese 1835 Version Judson
သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။
Burmese 1928
မှောင် မိုက် မှ အ လင်း တော် သို့လည်း ကောင်း၊ စာ တန်၏ တန် ခိုး အောက် မှ ဘု ရား သ ခင့် အ ထံ တော် သို့လည်း ကောင်း၊ လှည့် ဝင် ခွင့် အ ပြစ် ပြေ လွတ် ခွင့် ငါ့ ကို ယုံ ကြည် ခြင်း အား ဖြင့် သီး သန့် ရာ ရောက် သူ တို့ ဘောင် တွင် ပိုင် ခွင့် ရ စေ ခြင်း ငှာ၊ ထို လူ မျိုး ခြား တို့၏ မျက် စိ ကို ဖွင့် စေ ရန် စေ လွှတ် မည် ဟု ပြန်၍ မိန့် တော် မူ ၏။
Burmese 2021
သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှာ ငါသည်သင့်အား ထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
Burmese JBZV
သင္သည္ ယခုျမင္ရေသာအေၾကာင္းအရာတို႔ႏွင့္၊ ေနာက္မွ ငါသည္သင့္အား ထင္ရွားလတၱံ့ေသာ အေၾကာင္းအရာတို႔မွာ၊ အမွုေဆာင္ရြက္ေသာသူ၊ သက္ေသခံေသာသူအရာ၌ သင့္ကိုခန္႔ထားေစျခင္းငွာ ငါသည္သင့္အား ထင္ရွား၏။ တစ္ပါးအမ်ိဳးသားတို႔သည္ ေမွာင္မိုက္မွ အလင္းသို႔ ကူးေျမာက္၍၊ စာတန္၏အာဏာထဲမွ ဘုရားသခင့္အထံေတာ္သို႔ ေျပာင္းလဲေသာအားျဖင့္ အျပစ္လႊတ္ျခင္း ေက်းဇူးကို ခံရမည္အေၾကာင္းႏွင့္၊ ငါ့ကိုယုံၾကည္ေသာအားျဖင့္ သန္႔ရွင္းျခင္းသို႔ ေရာက္ေသာသူတို႔ႏွင့္ ဆက္ဆံ၍ အေမြခံရမည္အေၾကာင္း၊ သူတို႔၏မ်က္စိကို ဖြင့္ေစျခင္းငွာ သူတို႔ဆီသို႔ သင့္ကို ငါေစလႊတ္မည္ဟု မိန္႔ေတာ္မူ၏။
Burmese MCLZV
သင္သည္လူမ်ိဳးျခားတို႔၏မ်က္စိကိုဖြင့္ ေပးရမည္။ သူတို႔အားအေမွာင္မွအလင္း သို႔ကူးေျမာက္ေစ၍ စာတန္အာဏာစက္မွ ဘုရားသခင္၏အာဏာစက္သို႔ကူးေျပာင္း ေစရမည္။ ထိုသူတို႔သည္ငါ့ကိုယုံၾကည္ျခင္း အားျဖင့္အျပစ္မ်ားေျပလြတ္လ်က္ ဘုရား သခင္ေရြးေကာက္ေတာ္မူေသာလူစုေတာ္ တြင္အပါအဝင္ျဖစ္ရလိမ့္မည္' ဟုမိန႔္ ေတာ္မူပါ၏။''
Burmese MSBU
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ ဟု မိန့်တော်မူခဲ့ပါသည်။
Burmese MSBZ
ဤသည္ကား သူတို႔၏မ်က္စိကိုဖြင့္ေပး၍ သူတို႔ကို အေမွာင္မွ အလင္းသို႔လည္းေကာင္း၊ စာတန္၏အခြင့္အာဏာမွ ဘုရားသခင္ထံသို႔လည္းေကာင္း ေျပာင္းလဲေစသျဖင့္ သူတို႔သည္ ငါ့ကိုယုံၾကည္ျခင္းအားျဖင့္ အျပစ္မ်ားခြင့္လႊတ္ျခင္းေက်းဇူးကိုခံစားရကာ သန႔္ရွင္းေစျခင္းခံရေသာသူတို႔ထဲတြင္ ပါဝင္ရမည့္အေၾကာင္းတည္း’ ဟု မိန႔္ေတာ္မူခဲ့ပါသည္။