Acts 27:12 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။
Burmese 1835 Version Judson
ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော်သာ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့ ၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။
Burmese 1928
အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊
Burmese 2021
ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။
Burmese JBZV
ထို​ၿမိဳ႕​ဆိပ္၌ ေဆာင္း​ကာ​လ​ပတ္​လုံး မ​ေန​သင့္​ေသာ​ေၾကာင့္ တစ္​ဖန္​လႊတ္​ျပန္၍ ဖိ​နိတ္​ၿမိဳ႕​ဆိပ္​သို႔​မီ​နိုင္​လၽွင္၊ ထို​ဆိပ္၌ ေဆာင္း​ကာ​လ​ကို လြန္​ေစ​ေသာ္ သာ၍​ေကာင္း​မည္​ဟု လူ​အ​မ်ား​တို႔​သည္ ဆို​ၾက၏။ ဖိ​နိတ္​ဆိပ္​ကား က​ေရ​ေတ​ကၽြန္း၌ ရွိ၏။ အ​ေနာက္​ေျမာက္​သို႔​လည္း​ေကာင္း၊ အ​ေနာက္​ေတာင္​သို႔​လည္း​ေကာင္း မ်က္​ႏွာ​ျပဳ၏။
Burmese MCLZV
ဤ​ဆိပ္​ကမ္း​တြင္​ေဆာင္း​ကာ​လ​ပတ္​လုံး​ရပ္​နား ရန္​မ​သင့္​သ​ျဖင့္ လူ​မ်ား​စု​က​ဤ​ဆိပ္​ကမ္း​မွ ထြက္​ခြာ​ၿပီး​လၽွင္ ျဖစ္​နိုင္​ပါ​က​ဖိ​နိတ္​ၿမိဳ႕​သို႔ ေရာက္​ေအာင္​သြား​၍​ေဆာင္း​ရာ​သီ​အ​တြက္​ရပ္ နား​လို​ၾက​၏။ ဖိ​နိတ္​ဆိပ္​ကမ္း​ကား​က​ေရ​ေတ ကၽြန္း​တြင္​ရွိ​၍ အ​ေနာက္​ေတာင္​ႏွင့္​အ​ေနာက္ ေျမာက္​သို႔​မ်က္​ႏွာ​မူ​လ်က္​ရွိ​သ​တည္း။
Burmese MSBU
ထို​ဆိပ်ကမ်း​သည်​လည်း ဆောင်း​ခို​ရန်​မ​သင့်လျော်​သော​ဆိပ်ကမ်း​ဖြစ်​သောကြောင့် အများစု​က ထို​ဆိပ်ကမ်း​မှ​ရွက်လွှင့်​ပြီး ဖြစ်နိုင်​လျှင် အနောက်​တောင်​နှင့် အနောက်​မြောက်​သို့​မျက်နှာမူ​သည့် ကရေတေ​ကျွန်း​၏​ဖိနိတ်​ဆိပ်ကမ်း​သို့ တစ်နည်းနည်း​ဖြင့်​သွား​၍ ဆောင်းခို​မည်​ဟု ဆုံးဖြတ်​ကြ​၏။
Burmese MSBZ
ထို​ဆိပ္ကမ္း​သည္​လည္း ေဆာင္း​ခို​ရန္​မ​သင့္ေလ်ာ္​ေသာ​ဆိပ္ကမ္း​ျဖစ္​ေသာေၾကာင့္ အမ်ားစု​က ထို​ဆိပ္ကမ္း​မွ​႐ြက္လႊင့္​ၿပီး ျဖစ္ႏိုင္​လွ်င္ အေနာက္​ေတာင္​ႏွင့္ အေနာက္​ေျမာက္​သို႔​မ်က္ႏွာမူ​သည့္ ကေရေတ​ကြၽန္း​၏​ဖိနိတ္​ဆိပ္ကမ္း​သို႔ တစ္နည္းနည္း​ျဖင့္ ​သြား​၍ ေဆာင္းခို​မည္​ဟု ဆုံးျဖတ္​ၾက​၏။