Acts 27:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
Burmese 1835 Version Judson
အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
Burmese 1928
အာ ရှိ ပြည် ဆိပ် ကမ်း များ သို့ တိုက် သွား မည့် အာ ဒြ မု တ္တိ မြို့ သင်္ဘော ထက် တက် စေ ပြီး လျှင် မာ ကေ ဒေါ နိ ပြည်၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု ပါ ငါ တို့ ထွက် သွား ရ သော်၊
Burmese 2021
အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ လျှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေါနိပြည်သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။-
Burmese JBZV
အာျဒမုတၱိ သေဘၤာကိုစီး၍ အာရွိျပည္နားသို႔ ေလၽွာက္သြားမည္အႀကံႏွင့္ လႊင့္ၾက၏။ အာရိတၱခုအမည္ရွိေသာ မာေကေဒါနိျပည္သက္ သာေလာနိတ္ၿမိဳ႕သားသည္ ငါတို႔ႏွင့္ပါ၏။-
Burmese MCLZV
ကၽြန္ုပ္တို႔သည္အာရွနယ္ကမ္းေျခတစ္ေလၽွာက္ ရွိေသာ သေဘၤာဆိပ္ၿမိဳ႕မ်ားသို႔သြားမည့္ဆဲဆဲ ျဖစ္ေသာသေဘၤာတစ္စင္းေပၚသို႔တက္၍ရြက္ လႊင့္ၾက၏။ ထိုသေဘၤာသည္အာျဒမုတၱိၿမိဳ႕မွ လာေသာသေဘၤာျဖစ္၏။ မာေကေဒါနိျပည္ သက္သာေလာနိတ္ၿမိဳ႕သားအာရိတၱခုသည္ လည္းကၽြန္ုပ္တို႔ႏွင့္အတူပါလာ၏။-
Burmese MSBU
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
Burmese MSBZ
ငါတို႔သည္ အာရွျပည္ ကမ္းေျခတစ္ေလွ်ာက္ရွိ ဆိပ္ကမ္းမ်ားသို႔႐ြက္လႊင့္သြားမည့္ အျဒာမုတၱိသေဘၤာကိုစီးလ်က္ ႐ြက္လႊင့္ၾက၏။ မာေကေဒါနိျပည္၊ သက္သာေလာနိတ္ၿမိဳ႕သား အာရိတၱာခုသည္လည္း ငါတို႔ႏွင့္အတူပါလာ၏။