Acts 27:33 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မိုးလင်းခါနီး၌ပေါလုသည်ထိုသူအပေါင်း တို့အား အစာစားရန်တိုက်တွန်းလို၍ ``သင် တို့သည်အဘယ်သို့ဖြစ်မည်ကိုစောင့်မျှော်ကာ အငတ်ခံလျက်နေခဲ့ကြသည်မှာတစ်ဆယ့် လေးရက်ရှိပေပြီ။ သင်တို့သည်မည်သည့် အစားအစာကိုမျှမစားခဲ့ကြ။-
Burmese 1835 Version Judson
မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
Burmese 1928
မိုး မ လင်း မီ စား သောက် ကြ စေ ရန် ရှိ သ မျှ တို့ ကို တိုက် တွန်း လျက် ပေါ လု က သင် တို့ သည် အ စာ မ စား ဘဲ စောင့် ရှောက် ကြ သည် မှာ ယ ခု ဆယ့် လေး ရက် ရှိ ပြီ။
Burmese 2021
မိုးလင်းလုသောအခါ အစာကိုစားစေခြင်းငှာ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တစ်ဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။-
Burmese JBZV
မိုးလင္းလုေသာအခါ အစာကိုစားေစျခင္းငွာ ေပါလုသည္ လူအေပါင္းတို႔ကိုတိုက္တြန္းလ်က္၊ သင္တို႔သည္ တစ္ဆယ္ေလးရက္ပတ္လုံး ေမၽွာ္လင့္၍ ယေန႔တိုင္ေအာင္ အစာမစားဘဲ ငတ္မြတ္လ်က္ေနၾက၏။-
Burmese MCLZV
မိုးလင္းခါနီး၌ေပါလုသည္ထိုသူအေပါင္း တို႔အား အစာစားရန္တိုက္တြန္းလို၍ ``သင္ တို႔သည္အဘယ္သို႔ျဖစ္မည္ကိုေစာင့္ေမၽွာ္ကာ အငတ္ခံလ်က္ေနခဲ့ၾကသည္မွာတစ္ဆယ့္ ေလးရက္ရွိေပၿပီ။ သင္တို႔သည္မည္သည့္ အစားအစာကိုမၽွမစားခဲ့ၾက။-
Burmese MSBU
မိုးလင်းလုနီးသောအခါ ပေါလုသည် အားလုံးတို့အား အစာစားကြရန် တိုက်တွန်းလျက် “သင်တို့သည် အစာမစားဘဲ ဆက်တိုက်အခြေအနေကိုစောင့်ကြည့်ကာ မည်သည့်အရာကိုမျှမစားခဲ့သည်မှာ ယနေ့ တစ်ဆယ့်လေးရက်ရှိပါပြီ။
Burmese MSBZ
မိုးလင္းလုနီးေသာအခါ ေပါလုသည္ အားလုံးတို႔အား အစာစားၾကရန္ တိုက္တြန္းလ်က္ “သင္တို႔သည္ အစာမစားဘဲ ဆက္တိုက္အေျခအေနကိုေစာင့္ၾကည့္ကာ မည္သည့္အရာကိုမွ်မစားခဲ့သည္မွာ ယေန႔ တစ္ဆယ့္ေလးရက္ရွိပါၿပီ။