Acts 28:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
Burmese 1835 Version Judson
ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
Burmese 1928
ထို သို့ အ ချင်း ချင်း သ ဘော မ တူ ကြ သော ကြောင့် ပေါ လု က သင် တို့ ကြား လျက် ပင် နား မ လည် ရ။ ကြည့် လျက် ပင် မ သိ မ မြင် ရ ဟု ထို လူ မျိုး အား သွား ရောက် ဆင့် ဆို လော့။ ထို လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့်၊ နား နှင့် ကြား ခွင့်၊ စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက်၊ ငါ့ ထံ မှ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှါ၊ စိတ် နှ လုံး ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင်၊ မျက် စိ ကို လည်း ဖုံး အုပ် ကြ လေ ပြီ ဟု ပ ရော ဖက် ဟေ ရှာ ယ ဖြင့် သင် တို့ ဘိုး ဘေး များ အား သန့် ရှင်း သော ဝိ ညာဉ် တော် ပေး သော ဗျာ ဒိတ် တော် သင့် လျော် စွ တ ကား။ သို့ နှင့် အ ညီ၊ ဘု ရား သ ခင်၏ ကယ် တင် တော် မူ ခြင်း ဤ အ ကြောင်း ကို လူ မျိုး ခြား တို့ ထံ ပို့ တော် မူ လို သ ဖြင့်၊ သူ တို့ နာ ယူ ကြ လိမ့် မည် ကို သိ မှတ် ကြ လော့ ဟူ သော သြ ဝါ ဒ တစ် ချက် ဆို ပြီး မှ ထို သူ တို့ ထွက် သွား ကြ၏။
Burmese 2021
ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတစ်ခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊-
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
Burmese MSBZ