Amos 4:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျေးဇူးတော်ချီးမွမ်းရာမုန့်ကိုဆက်ခါ ဆက်ခါပေးလှူကြလော့။ အလိုအလျောက် ပေးလှူနေကြောင်းကိုလည်း သင်ဣသရေလ အမျိုးသားတို့ထုတ်ဖော်ကြေငြာ၍ဝါကြွား ကြလော့။ ဤသို့ပြုခြင်းကိုသင်တို့မြတ်နိုး လှ၏ဟုအရှင်ထာဝရဘုရားမိန့်တော် မူ၏။
Burmese 1835 Version Judson
လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Burmese 1928
ချီး မွမ်း ရာ သ က္ကာ အ ဖြစ်၊ တ ဆေး ပါ သော မုန့် ကို၊ မီး ဖြင့် ပူ ဇော် ခြင်း၊ စေ တ နာ အ လျောက် အ လှူ များ ကို သာ ဓု သာ ဓု ဟု ခေါ် ခြင်း ပြု ကြ ဦး လော့။
Burmese 2021
လုယူသောဥစ္စာထဲက ကျေးဇူးချီးမွမ်းရာ ပူဇော်သကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သကာများကိုလည်း ကြားပြော၍ ကြော်ငြာစေကြလော့။ အို ဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Burmese JBZV
လုယူေသာဥစၥာထဲက ေက်းဇူးခ်ီးမြမ္းရာ ပူေဇာ္သကာကို မီးရွို႔ၾကေလာ့။ အလိုလိုျပဳေသာ ပူေဇာ္သကာမ်ားကိုလည္း ၾကားေျပာ၍ ေၾကာ္ျငာေစၾကေလာ့။ အို ဣသေရလအမ်ိဳးသားတို႔၊ ထိုသို႔ျပဳရာတြင္ သင္တို႔သည္ ေမြ႕ေလ်ာ္တတ္ၾကသည္ဟု အရွင္ထာဝရဘုရား မိန္႔ေတာ္မူ၏။
Burmese MCLZV
ေက်းဇူးေတာ္ခ်ီးမြမ္းရာမုန႔္ကိုဆက္ခါ ဆက္ခါေပးလွူၾကေလာ့။ အလိုအေလ်ာက္ ေပးလွူေနေၾကာင္းကိုလည္း သင္ဣသေရလ အမ်ိဳးသားတို႔ထုတ္ေဖာ္ေၾကျငာ၍ဝါႂကြား ၾကေလာ့။ ဤသို႔ျပဳျခင္းကိုသင္တို႔ျမတ္နိုး လွ၏ဟုအရွင္ထာဝရဘုရားမိန႔္ေတာ္ မူ၏။
Burmese MSBU
တဆေးပါသောမုန့်ကို ကျေးဇူးတော်ချီးမွမ်းရာယဇ်အနေနှင့် ပူဇော်ကြ။ စေတနာအလျောက်ပူဇော်သက္ကာကိုလည်း လူတကာသိအောင်ကြွေးကြော်လှူဒါန်းကြ။ အို အစ္စရေးအမျိုးသားတို့၊ သင်တို့ ဤသို့ပြုရသည်ကို နှစ်သက်ကြ၏”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
Burmese MSBZ
တေဆးပါေသာမုန႔္ကို ေက်းဇူးေတာ္ခ်ီးမြမ္းရာယဇ္အေနႏွင့္ ပူေဇာ္ၾက။ ေစတနာအေလ်ာက္ပူေဇာ္သကၠာကိုလည္း လူတကာသိေအာင္ေႂကြးေၾကာ္လႉဒါန္းၾက။ အို အစၥေရးအမ်ိဳးသားတို႔၊ သင္တို႔ ဤသို႔ျပဳရသည္ကို ႏွစ္သက္ၾက၏”ဟု ဘုရားရွင္ထာဝရဘုရားမိန႔္ေတာ္မူ၏။