Amos 5:16 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-
Burmese 1835 Version Judson
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။
Burmese 1928
သို့ ဖြစ် ၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြည် ကို ငါ ဖြတ် သန်း မည် ဖြစ် သော ကြောင့်၊ ငို ကြွေး ရန် တောင် သူ တို့ ကို လည်း ကောင်း၊ မြည် တမ်း ရန် ငို ချင်း ဖွဲ့ ဆို တတ် သူ တို့ ကို လည်း ကောင်း၊ ခေါ် ကြ ရ သည့် အ လျောက်၊ လမ်း မ ရှိ သ မျှ၊ စပျစ် ခြံ ရှိ သ မျှ၌ မြည် တမ်း ခြင်း၊ လမ်း ကြား ရှိ သ မျှ၌ အ ကျိုး နည်း လေ စွ ဟု ဟစ် ခြင်း ကို ပြု ရ ကြ လ တ္တံ့ ဟူ၍ မိန့် တော် မူ ၏။
Burmese 2021
ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။
Burmese JBZV
ေကာင္း​ကင္​ဗိုလ္​ေျခ​အ​ရွင္ ဘု​ရား​သ​ခင္​ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ ခပ္​သိမ္း​ေသာ​လမ္း​တို႔၌ ျမည္​တမ္း​ျခင္း​ရွိ၍ သြား​လာ​ေသာ​သူ​တို႔​က၊ အ​လို​ေလး၊ အ​လို​ေလး​ဟု ဆို​ၾက​လိမ့္​မည္။ လယ္​လုပ္​ေသာ​သူ​သည္ ညည္း​တြား​ေစ​ျခင္း​ငွာ​လည္း​ေကာင္း၊ ျမည္​တမ္း​တတ္​ေသာ​သူ​သည္ ငို​ေႂကြး​ျမည္​တမ္း​ေစ​ျခင္း​ငွာ​လည္း​ေကာင္း ေခၚ​ၾက​လိမ့္​မည္။
Burmese MCLZV
ထို႔​ေၾကာင့္​ေကာင္း​ကင္​ဗိုလ္​ေျခ​အ​ရွင္​ထာ​ဝ​ရ ဘု​ရား​သ​ခင္​က``ၿမိဳ႕​ေပၚ​ရွိ​လမ္း​အ​သြယ္​သြယ္ တို႔​၌​ေၾက​ကြဲ​စ​ရာ​ငို​ေႂကြး​သံ၊ ေစ်း​ရပ္​ကြက္ တို႔​၌​ညည္း​ညဴ​သံ​မ်ား​ကို​ၾကား​ရ​ေတာ့​မည္။ ငို​ခ်င္း​သည္​မ်ား​ႏွင့္​အ​တူ​လာ​ေရာက္​ငို ေႂကြး​ရန္ လယ္​သ​မား​မ်ား​ကို​ပါ​ေခၚ​ၾက လိမ့္​မည္။-
Burmese MSBU
ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​လမ်းဆုံလမ်းခွ​၌ ငိုကြွေး​ကြ​လိမ့်မည်​။ လူစည်ကား​ရာ​နေရာ​ရှိသမျှ​၌ ‘​အလိုလေး​၊ အလိုလေး​’​ဟု အော်ဟစ်​ကြ​လိမ့်မည်​။ ငိုကြွေးမြည်တမ်း​ရန် လယ်သမား​တို့​ကို ခေါ်​ကြ​လိမ့်မည်​။ ငိုချင်းချ​ရန် ငိုချင်းသည်​တို့​ကို ခေါ်​ကြ​လိမ့်မည်​။
Burmese MSBZ
ထို႔ေၾကာင့္ ေကာင္းကင္​ဗိုလ္ေျခ​အရွင္ ဘုရားသခင္​ထာဝရဘုရား ဤသို႔​မိန႔္​ေတာ္မူ​ၿပီ​။ ထာဝရဘုရား​က “​လမ္းဆုံလမ္းခြ​၌ ငိုေႂကြး​ၾက​လိမ့္မည္​။ လူစည္ကား​ရာ​ေနရာ​ရွိသမွ်​၌ ‘​အလိုေလး​၊ အလိုေလး​’​ဟု ေအာ္ဟစ္​ၾက​လိမ့္မည္​။ ငိုေႂကြးျမည္တမ္း​ရန္ လယ္သမား​တို႔​ကို ေခၚ​ၾက​လိမ့္မည္​။ ငိုခ်င္းခ်​ရန္ ငိုခ်င္းသည္​တို႔​ကို ေခၚ​ၾက​လိမ့္မည္​။