Amos 6:12 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
မြင်း​ဟူ​သည်​ကျောက်​ဆောင်​ပေါ်​၌​ပြေး​လေ့ ရှိ​သ​လော။ လူ​သည်​နွား​ဖြင့်​လယ်​ပြင်​ကို​ထွန် ယက်​လေ့​ရှိ​သ​လော။ သို့​ပါ​လျက်​သင်​တို့ သည်​တ​ရား​မျှ​တ​ရေး​ကို​အ​ဆိပ်​အ​ဖြစ် သို့​လည်း​ကောင်း၊ အ​မှန်​ကို​အ​မှား​အ​ဖြစ် သို့​လည်း​ကောင်း​မှောက်​လှန်​ခဲ့​လေ​ပြီ။
Burmese 1835 Version Judson
မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။
Burmese 1928
ကိုယ့် စွမ်း ရည် ဖြင့် ဦး ချို ထောင် ကြ သည် ဟု ဝါ ကြွား လျက်၊ အ လ ဟဿ၌ ရွှင် လန်း သော သင် တို့၊ ကျောက် တောင် ပေါ် တွင် မြင်း စိုင်း ခြင်း ကို သော် လည်း ကောင်း၊ နွား နှင့် ထယ် ထိုး ခြင်း ကို သော် လည်း ကောင်း၊ ပြု ထိုက် သည် မှတ် သော ကြောင့်၊ ဆုံး ဖြတ် ခြင်း တ ရား အ မြိုက် ကို အ ခါး ရည်၊ ဖြောင့် မတ် ခြင်း တ ရား အ သီး ကို အ ဆိပ် ဖြစ် စေ ကြ သ လော။
Burmese 2021
မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။
Burmese JBZV
ျမင္း​သည္ ေက်ာက္​ေပၚ​မွာ ေျပး​တတ္​သ​ေလာ။ လူ​သည္ ေက်ာက္​ေပၚ​မွာ ႏြား​ႏွင့္ ထြန္​တတ္​သ​ေလာ။ သင္​တို႔​သည္​တ​ရား​သ​ျဖင့္ စီ​ရင္​ျခင္း​ကို ခါး​စြာ​ေသာ သစ္​ရြက္​ျဖစ္​ေစ​ျခင္း​ငွာ​လည္း​ေကာင္း၊ ေျဖာင့္​မတ္​ျခင္း​ကို ေဒါ​န​ရြက္ ျဖစ္​ေစ​ျခင္း​ငွာ​လည္း​ေကာင္း ျပဳ​ၾက​သည္​တ​ကား။
Burmese MCLZV
ျမင္း​ဟူ​သည္​ေက်ာက္​ေဆာင္​ေပၚ​၌​ေျပး​ေလ့ ရွိ​သ​ေလာ။ လူ​သည္​ႏြား​ျဖင့္​လယ္​ျပင္​ကို​ထြန္ ယက္​ေလ့​ရွိ​သ​ေလာ။ သို႔​ပါ​လ်က္​သင္​တို႔ သည္​တ​ရား​မၽွ​တ​ေရး​ကို​အ​ဆိပ္​အ​ျဖစ္ သို႔​လည္း​ေကာင္း၊ အ​မွန္​ကို​အ​မွား​အ​ျဖစ္ သို႔​လည္း​ေကာင္း​ေမွာက္​လွန္​ခဲ့​ေလ​ၿပီ။
Burmese MSBU
မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။
Burmese MSBZ
ျမင္း​တို႔​သည္ ေက်ာက္ေဆာင္​ေပၚတြင္ ေျပး​တတ္​သေလာ​။ ႏြား​ျဖင့္​ယွဥ္​၍ ထြန္ယက္​တတ္​သေလာ​။ သင္​တို႔​သည္ တရားမွ်တ​ျခင္း​ကို အဆိပ္​ျဖစ္​ေစ​ၿပီ​။ ေျဖာင့္မတ္​ျခင္း​၏​အသီး​ကို​လည္း ခါးသီး​ေစ​ၿပီ​။