Amos 8:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
Burmese 1835 Version Judson
ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
Burmese 1928
တင်း ငယ် ခြင်း၊ အ လေး ကြီး ခြင်း၊ ချိန် ခွင် စဉ်း လဲ ခြင်း များ ကို သုံး လျက်၊ နွမ်း ပါး သူ တို့ ကို ငွေ နှင့်လည်း ကောင်း၊ ဆင်း ရဲ သား တို့ ကို ဖိ နပ် တစ် ရံ နှင့် လည်း ကောင်း၊ ဝယ် ယူ လျက်၊ စ ပါး ကို ရောင်း ခွင့် ရ ရန် လ ဆန်း နေ့၊ ဆန် ပြ ခွင့် ရ ရန် ဥ ပုသ် နေ့ ကုန် လွန် မည် မှာ၊ မည် မျှ လို သေး သ နည်း ဟု ဆို လျက်၊ ဆင်း ရဲ သား တို့ ကို ဖိ နင်း၍၊ နေ ပြည် ရှိ နွမ်း ပါး သူ တို့ ကို တိမ် ကော စေ သော သင် တို့၊ ဤ ဗျာ ဒိတ် တော် ချက် ကို နာ ခံ ကြ ဦး။
Burmese 2021
ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။
Burmese JBZV
Burmese MCLZV
Burmese MSBU
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
Burmese MSBZ