Colossians 1:11 — Compare Translations

6 translations compared side by side

Burmese (BCL) (Common Language Bible)
သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-
Burmese 1835 Version Judson
ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
Burmese 1928
စိတ် တော် နှင့် တွေ့ ကြ မည့် အ ကြောင်း ဘုန်း ကြီး သော တန် ခိုး တော် အ လျောက် ခွန် အား အ မျိုး မျိုး တိုး တက် သ ဖြင့် တည် ကြည် ခြင်း၊ စိတ် ရှည် ခြင်း နှင့် ပြည့် စုံ လျက်၊
Burmese MCLZV
သင္​တို႔​သည္​အ​ရာ​ခပ္​သိမ္း​ကို​စိတ္​ရွည္​စြာ ခံ​နိုင္​ရည္​ရွိ​ေစ​ရန္ ဘု​ရား​သ​ခင္​၏​ဘုန္း ႀကီး​ေသာ​တန္​ခိုး​ေတာ္​မွ​ရ​ရွိ​သည့္​စြမ္း​ရည္ အ​မ်ိဳး​မ်ိဳး​ျဖင့္​ရပ္​တည္​နိုင္​ၾက​ပါ​ေစ​ေသာ။ ထို​မွ​တစ္​ပါး​လည္း​အ​လင္း​နိုင္​ငံ​ေတာ္​တြင္ ကိုယ္​ေတာ္​၏​လူ​စု​ေတာ္​အ​တြက္​လ်ာ​ထား သည့္​ေကာင္း​ခ်ီး​မဂၤ​လာ​မ်ား​ကို သင္​တို႔ အား​ခံ​စား​ထိုက္​သူ​မ်ား​ျဖစ္​ေစ​ေတာ္​မူ ေသာ အ​ဖ​ဘု​ရား​သ​ခင္​၏​ေက်း​ဇူး​ေတာ္ ကို​ဝမ္း​ေျမာက္​စြာ​ခ်ီး​မြမ္း​နိုင္​ၾက​ပါ​ေစ ေသာ။-
Burmese MSBU
ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်
Burmese MSBZ
ထို႔ျပင္ သင္​တို႔​သည္ ကိုယ္ေတာ္​၏​ဘုန္း​အသေရ​ႏွင့္​ျပည့္စုံ​ေသာ တန္ခိုး​အရွိန္အဝါ​ႏွင့္အညီ တန္ခိုး​ေတာ္​ရွိသမွ်​တို႔​ျဖင့္ အားျဖည့္​ျခင္း​ကို​ခံရ​လ်က္ သည္းခံ​ျခင္း​ႏွင့္​စိတ္ရွည္​ျခင္း​အျပည့္အဝ​ရွိ​သျဖင့္