Colossians 1:23 — Compare Translations

6 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။
Burmese 1835 Version Judson
တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
Burmese 1928
သို့ ရာ တွင် ကောင်း ကင့် အောက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ အား ဟော ပြော သ ဖြင့် သင် တို့ ကြား နာ ရ သည့် သ တင်း တော် မြတ် ဆိုင် ရာ မျှော် လင့် ခြင်း အ ကြောင်း မှ မ ရွေ့ ဘဲ ငါ ပေါ လု ဆောင် ရွက် သော ယုံ ကြည် ခြင်း တ ရား တော်၌ တည် ကြည် စွာ တိုက် မြစ် ချ လျက် နေ ကြ ရ မည်။
Burmese MCLZV
သို႔​ရာ​တြင္​သင္​တို႔​သည္​မိ​မိ​တို႔​၏​ယုံ​ၾကည္ ျခင္း​ကို အုတ္​ျမစ္​ကဲ့​သို႔​ခိုင္​မာ​ေစ​ရန္​ဆက္ လက္​ထိန္း​သိမ္း​ရ​ၾက​မည္။ သင္​တို႔​သည္​သ​တင္း ေကာင္း​ကို​ၾကား​သိ​ရ​စဥ္​အ​ခါ​က​ရ​ရွိ​ခဲ့ ေသာ​ေမၽွာ္​လင့္​ျခင္း​မွ​မ​ယိမ္း​မ​ယိုင္​ေစ​ႏွင့္။ ကမၻာ​အ​ႏွံ့​အ​ျပား​သို႔​ေရာက္​ရွိ​ၿပီး​ျဖစ္​ေသာ ထို​သ​တင္း​ေကာင္း​အ​တြက္​အ​ေစ​ခံ​ကား ငါ​ေပါ​လု​ပင္​ျဖစ္​သည္။
Burmese MSBU
သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။
Burmese MSBZ
သို႔ေသာ္ သင္​တို႔​သည္ သင္​တို႔​ၾကား​ခဲ့​ရ​သည့္ ေကာင္းျမတ္​ေသာ​သတင္း​၏​ေမွ်ာ္လင့္​ျခင္း​မွ ေသြဖည္​မ​သြား​ဘဲ ခိုင္ၿမဲ​စြာ​အုတ္ျမစ္​ခ်​ထား​သည့္ ယုံၾကည္​ျခင္း​၌ ဆက္၍​တည္​ေန​ရ​မည္။ ထို​ေကာင္းျမတ္​ေသာ​သတင္း​ကို ေကာင္းကင္​ေအာက္​ရွိ ဖန္ဆင္း​ခံ​ေလာက​တစ္ခုလုံး​အား ေဟာေျပာ​ေန​သည္​ျဖစ္၍ ငါ​ေပါလု​သည္ ၎​၏​အမႈ​ေတာ္​ေဆာင္​ျဖစ္လာ​၏။