Colossians 2:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
Burmese 1835 Version Judson
ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။
Burmese 1928
ဦး ထိပ် တော် ကို မ စွဲ မ ကိုင် ဘဲ ကိုယ့် ရူ ပါ ရုံ ကို စွဲ လမ်း လျက် ရုပ် ခ န္ဓာ သ ဘော ဖြင့် အ ကျိုး မဲ့ ဝင့် ဝါ သူ မည် သူ မ ဆို စေ တ မန် တော် များ ကို နှိမ့် ချ စွာ ကိုး ကွယ် ခြင်း နှင့် စပ်၍ ကိုယ့် သ ဘော အ တိုင်း မ သွေး ဆောင် စေ နှင့်။ ဆို ခဲ့ သည့် ဦး ထိပ် တော် မှ တစ် ခန္ဓာ လုံး သည် ဆက် သွယ် ခြင်း၊ စေ့ စပ် ခြင်း များ ဖြင့် အား ပြည့် ဖွဲ့ စည်း လျက် ဘု ရား သ ခင် စီ မံ တော် မူ သည့် အ တိုင်း တိုး ပွား ခွင့် ရ၏။
Burmese 2021
ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌လည်းကောင်း မွေ့လျော်သောသူ တစ်စုံတစ်ယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။-
Burmese JBZV
ဦးေခါင္းေတာ္ကို အမွီမျပဳ၊ ဇာတိပကတိ၏ စိတ္ႏွလုံး အခ်ည္းႏွီးေထာင္လႊားလ်က္၊ မိမိမသိမျမင္ေသာအရာကို စူးစမ္းလ်က္၊ စိတ္ႏွိမ့္ခ်ျခင္း၌လည္းေကာင္း၊ ေကာင္းကင္တမန္ကို ကိုးကြယ္ျခင္း၌လည္းေကာင္း ေမြ႕ေလ်ာ္ေသာသူ တစ္စုံတစ္ေယာက္မၽွ သင္တို႔ဆုကို မလုမယူေစႏွင့္။-
Burmese MCLZV
မမွန္ကန္ေသာႏွိမ့္ခ်ျခင္း၊ ေကာင္းကင္တမန္ တို႔အားဝတ္ျပဳကိုးကြယ္ျခင္းတို႔ကိုအေလး အနက္ေျပာဆို၍မိမိတို႔ေတြ႕ျမင္သည့္ဗ်ာ ဒိတ္႐ူပါ႐ုံမ်ားကိုအေၾကာင္းျပဳကာ မိမိ တို႔ကအျခားသူတို႔ထက္သာသည္ဟုေျပာ ဆိုတတ္သူမ်ားကသင္တို႔အားရွုတ္ခ်ခြင့္ ကိုမေပးႏွင့္။ သူတို႔သည္လူ႔သေဘာျဖင့္ စဥ္းစားဆင္ျခင္လ်က္အေၾကာင္းမဲ့စိတ္ ေနျမင့္လ်က္ရွိၾက၏။-
Burmese MSBU
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
Burmese MSBZ
မိမိကိုယ္ကိုခ်ိဳးႏွိမ္ျခင္း၊ ေကာင္းကင္တမန္မ်ားကိုကိုးကြယ္ျခင္းတို႔၌ ေမြ႕ေလ်ာ္ေနေသာသူတစ္စုံတစ္ဦးေၾကာင့္ သင္တို႔သည္ ဆုႏွင့္လြဲရသည့္အျဖစ္မ်ိဳးကို အျဖစ္မခံၾကႏွင့္။ ထိုသူတို႔သည္ ျမင္မက္ေသာအရာတို႔ကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္စူးစမ္း၍ မိမိ၏ေသြးသားဇာတိႏွင့္ဆိုင္ေသာ စိတ္ႏွလုံးအားျဖင့္ အခ်ည္းႏွီးေထာင္လႊားကာ