Daniel 11:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်သူသည်ပင်လယ်အနီးရှိတိုင်းနိုင်ငံ တို့ကိုတိုက်ခိုက်၍ များစွာသောနိုင်ငံတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သို့သော်လည်းတိုင်း တစ်ပါးမှစစ်သူကြီးတစ်ဦးသည် သူ့အား နှိမ်နင်းအောင်မြင်လိမ့်မည်။ သူ၏မာန်မာန ကိုလည်းချိုးနှိမ်လိုက်လိမ့်မည်။ ဆီးရီးယား ဘုရင်အားသူ၏မာန်မာနအတွက်အရှက် ကွဲစေလိမ့်မည်။-
Burmese 1835 Version Judson
တဖန်ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည်။
Burmese 1928
နောက် ကျွန်း စု သို့ လှည့်၍ ကျွန်း အ များ ကို အောင် မြင် သော် လည်း ဗိုလ် မင်း တစ် ပါး သည် ထို သို့ သော ကဲ့ ရဲ့ ခံ ရ ခြင်း အ ကြောင်း ကို ပြတ် စဲ စေ သည့် ပြင် ၎င်း ကဲ့ ရဲ့ ခံ ရ ခြင်း ကို လက် စား ချေ လိမ့် မည်။
Burmese 2021
တစ်ဖန် ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတစ်ပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။
Burmese JBZV
တစ္ဖန္ ကၽြန္းစုသို႔ မ်က္ႏွာလွည့္၍ ကၽြန္းအမ်ားတို႔ကို လုပ္ႀကံလိမ့္မည္။ သို႔ရာတြင္၊ ဗိုလ္မင္းတစ္ပါးသည္ မိမိခံရေသာ အသေရဖ်က္ျခင္းကို မိမိမွလႊဲပယ္၍၊ ထိုအသေရဖ်က္ျခင္းကို တိုက္လာေသာ မင္းအေပၚသို႔ ျပန္ေရာက္ေစလိမ့္မည္။
Burmese MCLZV
ထိုေနာက္သူသည္ပင္လယ္အနီးရွိတိုင္းနိုင္ငံ တို႔ကိုတိုက္ခိုက္၍ မ်ားစြာေသာနိုင္ငံတို႔ကို ႏွိမ္နင္းေအာင္ျမင္လိမ့္မည္။ သို႔ေသာ္လည္းတိုင္း တစ္ပါးမွစစ္သူႀကီးတစ္ဦးသည္ သူ႔အား ႏွိမ္နင္းေအာင္ျမင္လိမ့္မည္။ သူ၏မာန္မာန ကိုလည္းခ်ိဳးႏွိမ္လိုက္လိမ့္မည္။ ဆီးရီးယား ဘုရင္အားသူ၏မာန္မာနအတြက္အရွက္ ကြဲေစလိမ့္မည္။-
Burmese MSBU
ထို့နောက် သူသည် ကမ်းရိုးတန်းဒေသများဘက်သို့လှည့်၍ နယ်မြေများစွာကို သိမ်းယူနိုင်လိမ့်မည်။ သို့သော် အကြီးအမှူးတစ်ဦးသည် မောက်မာစော်ကားသောသူ့ကို ချိုးနှိမ်ပစ်လိမ့်မည်။ ထိုမောက်မာစော်ကားမှုကို သူပြန်ခံရစေမည်။
Burmese MSBZ
ထို႔ေနာက္ သူသည္ ကမ္း႐ိုးတန္းေဒသမ်ားဘက္သို႔လွည့္၍ နယ္ေျမမ်ားစြာကို သိမ္းယူႏိုင္လိမ့္မည္။ သို႔ေသာ္ အႀကီးအမႉးတစ္ဦးသည္ ေမာက္မာေစာ္ကားေသာသူ႔ကို ခ်ိဳးႏွိမ္ပစ္လိမ့္မည္။ ထိုေမာက္မာေစာ္ကားမႈကို သူျပန္ခံရေစမည္။