Daniel 11:24 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။
Burmese 1835 Version Judson
အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည်။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။
Burmese 1928
ဘေး မ မျှော် သော အ ချိန်၌ ပင် မြေ ဩ ဇာ ကောင်း သော ပြည် နယ် များ သို့ ဝင် လာ ပြီး လျှင် လု ယက် ရ သော ဥ စ္စာ ပ စ္စည်း များ ကို ဖြုန်း တီး သ ဖြင့် ဘိုး ဘေး တို့ မ ပြု ဘူး သော အ မှု ကို ပြု လျက် ရဲ တိုက် များ ကို ရ ခြင်း ငှာ အ တန် ကြာ ကြံ စည် ရ လိမ့် မည်။
Burmese 2021
အ​သီး​အ​နှံ​များ​သော​ပြည်​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ဝင်​လိမ့်​မည်။ လု​ယူ​သော​ပ​စ္စည်း​ဥ​စ္စာ စည်း​စိမ်​များ​ကို စွန့်​ကြဲ၍၊ မိ​မိ​ဘိုး​ဘေး​မ​ပြု​ဖူး​သော အ​မှု​ကို ပြု​လိမ့်​မည်။ ခိုင်​ခံ့​သော မြို့​ပြ​တို့​ကို​ရ​ခြင်း​ငှာ တာ​ရှည်​စွာ ကြံ​စည်​လိမ့်​မည်။
Burmese JBZV
အ​သီး​အ​ႏွံ​မ်ား​ေသာ​ျပည္​ကို အ​နိုင္​အ​ထက္​မ​ျပဳ​ဘဲ ဝင္​လိမ့္​မည္။ လု​ယူ​ေသာ​ပ​စၥည္း​ဥ​စၥာ စည္း​စိမ္​မ်ား​ကို စြန္႔​ၾကဲ၍၊ မိ​မိ​ဘိုး​ေဘး​မ​ျပဳ​ဖူး​ေသာ အ​မွု​ကို ျပဳ​လိမ့္​မည္။ ခိုင္​ခံ့​ေသာ ၿမိဳ႕​ျပ​တို႔​ကို​ရ​ျခင္း​ငွာ တာ​ရွည္​စြာ ႀကံ​စည္​လိမ့္​မည္။
Burmese MCLZV
သူ​သည္​ေပါ​ႂကြယ္​ဝ​ေသာ​ျပည္​နယ္​တစ္​ခု​ကို အ​မွတ္​မ​ထင္​ခ်င္း​နင္း​ဝင္​ေရာက္​၍ မိ​မိ​၏​ဘိုး ေဘး​တို႔​မ​ျပဳ​ခဲ့​ဘူး​သည့္​အ​မွု​တို႔​ကို​ျပဳ​လိမ့္ မည္။ ထို​ေနာက္​စစ္​ပြဲ​တြင္​သိမ္း​ဆည္း​ရ​ရွိ​သည့္ ဥစၥာ​ပစၥည္း​မ်ား​ကို မိ​မိ​၏​ေနာက္​လိုက္​မ်ား​ႏွင့္ ခြဲ​ေဝ​ယူ​လိမ့္​မည္။ သူ​သည္​ခံ​တပ္​ၿမိဳ႕​မ်ား​ကို တိုက္​ခိုက္​ရန္​အႀကံ​အစည္​မ်ား​ျပဳ​လိမ့္​မည္။ သို႔ ရာ​တြင္​သူ​၏​ေခတ္​သည္​မၾကာ​မီ​ကုန္​ဆုံး​သြား လိမ့္​မည္။
Burmese MSBU
ငြိမ်းချမ်း​သော​ကာလ​တွင် သူ​သည် ချမ်းသာကြွယ်ဝ​သော​နိုင်ငံ​ကြီး​ကို ဝင်တိုက်​လိမ့်မည်​။ သူ​၏​ဘိုးဘေး​များ​နှင့် ဘိုးဘေး​တို့​၏​ဘိုးဘေး​များ​ပင် မ​ပြု​သော​အမှု​ကို သူ​ပြု​လိမ့်မည်​။ တိုက်ခိုက်​သိမ်းပိုက်​ထား​သော​ဥစ္စာပစ္စည်း​တို့​ကို ခွဲဝေ​ပေး​လိမ့်မည်​။ ခံတပ်​မြို့​တို့​ကို လုပ်ကြံ​သိမ်းယူ​လိမ့်မည်​။ သို့သော် တစ်ခဏသာ ဖြစ်​လိမ့်မည်​။
Burmese MSBZ
ၿငိမ္းခ်မ္း​ေသာ​ကာလ​တြင္ သူ​သည္ ခ်မ္းသာႂကြယ္ဝ​ေသာ​ႏိုင္ငံ​ႀကီး​ကို ဝင္တိုက္​လိမ့္မည္​။ သူ​၏​ဘိုးေဘး​မ်ား​ႏွင့္ ဘိုးေဘး​တို႔​၏​ဘိုးေဘး​မ်ား​ပင္ မ​ျပဳ​ေသာ​အမႈ​ကို သူ​ျပဳ​လိမ့္မည္​။ တိုက္ခိုက္​သိမ္းပိုက္​ထား​ေသာ​ဥစၥာပစၥည္း​တို႔​ကို ခြဲေဝ​ေပး​လိမ့္မည္​။ ခံတပ္​ၿမိဳ႕​တို႔​ကို လုပ္ႀကံ​သိမ္းယူ​လိမ့္မည္​။ သို႔ေသာ္ တစ္ခဏသာ ျဖစ္​လိမ့္မည္​။