Daniel 11:30 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
Burmese 1835 Version Judson
အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။
Burmese 1928
ခိ တ္တိမ် စစ် သင်္ဘော များ သည် တိုက် လာ လ တ္တံ့ သော ကြောင့် စိတ် ပျက် လျက် ပြန် ဆုတ် စဉ် သန့် ရှင်း သော ပ ဋိ ညာဥ် တော် ကို အ မျက် ထွက် သည့် အ တိုင်း ပြု ပြီး မှ ပြန် ဆုတ် ရာ တွင် သန့် ရှင်း သော ပ ဋိ ညာဉ် တော် ကို စွန့် ပယ် သူ တို့ အား အ မှု ထား လိမ့် မည်။
Burmese 2021
အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။
Burmese JBZV
အေၾကာင္းမူကား ခိတၱိမ္သေဘၤာတို႔သည္ ထိုသူကို ဆီးတားၾကလိမ့္မည္။ ထိုေၾကာင့္ စိတ္နာလ်က္ ျပန္သြား၍ သန္႔ရွင္းေသာ ပဋိညာဥ္တရားကို အမ်က္ထြက္သည္အတိုင္း ျပဳၿပီးမွ ျပန္သြားစဥ္တြင္ သန္႔ရွင္းေသာ ပဋိညာဥ္တရားကို စြန္႔ပစ္ေသာသူတို႔ႏွင့္ အေဆြဖြဲ႕လိမ့္မည္။
Burmese MCLZV
ေရာမအမ်ိဳးသားတို႔သည္သေဘၤာမ်ားျဖင့္ လာေရာက္၍ သူ႔အားဆီးတားတိုက္ခိုက္ၾက မည္ျဖစ္သျဖင့္သူသည္ေၾကာက္လန႔္လိမ့္မည္။ ``ထိုအခါသူသည္အမ်က္ျပင္းစြာထြက္ လ်က္ေနာက္သို႔ျပန္၍ဆုတ္ၿပီးလၽွင္ ဘုရားသခင္၏လူမ်ိဳးေတာ္ကိုးကြယ္ေသာဘာသာ ကိုဖ်က္ဆီးရန္ႀကိဳးစားလိမ့္မည္။ ထိုဘာသာ ေတာ္ကိုစြန႔္လႊတ္ခဲ့သူတို႔၏အႀကံေပး စကားမ်ားကိုလည္းနားေထာင္လိမ့္မည္။-
Burmese MSBU
ဆိုက်ပရပ်ကျွန်းမှစစ်သင်္ဘောတို့သည် သူ့ကိုလာတိုက်ကြလိမ့်မည်။ သူသည် ခံပြင်းလျက်ပြန်သွားလိမ့်မည်။ အမျက်ထွက်သဖြင့်သန့်ရှင်းသောပဋိညာဉ်ကိုဆန့်ကျင်ပြီး မိမိအလိုကျပြုလိမ့်မည်။ သူသည် ပြန်သွား၍ သန့်ရှင်းသောပဋိညာဉ်ကိုစွန့်ပယ်သောသူတို့အား မျက်နှာသာပေးလိမ့်မည်။
Burmese MSBZ
ဆိုက္ပရပ္ကြၽန္းမွစစ္သေဘၤာတို႔သည္ သူ႔ကိုလာတိုက္ၾကလိမ့္မည္။ သူသည္ ခံျပင္းလ်က္ျပန္သြားလိမ့္မည္။ အမ်က္ထြက္သျဖင့္သန႔္ရွင္းေသာပဋိညာဥ္ကိုဆန႔္က်င္ၿပီး မိမိအလိုက်ျပဳလိမ့္မည္။ သူသည္ ျပန္သြား၍ သန႔္ရွင္းေသာပဋိညာဥ္ကိုစြန႔္ပယ္ေသာသူတို႔အား မ်က္ႏွာသာေပးလိမ့္မည္။