Daniel 11:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။
Burmese 1835 Version Judson
ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတပါးတို့သည် မိုဃ်းကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ နိုင်ငံတော်ကို နှုတ်ပစ်၍ အမျိုးအနွယ်တော်မှတပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
Burmese 1928
ထို မင်း ပေါ် လျှင် ပေါ် ချင်း နိုင် ငံ ကျိုး ပဲ့၍ အုပ် ချုပ် သော တိုင်း နိုင် ငံ နှင့် မ တူ၊ သူ့ အ မျိုး အ နွယ် တို့ အား လည်း မ ဟုတ်၊ အ ရပ် လေး မျက် နှာ တိုင် အောင် ကွဲ လွင့် ရာ၊ ထို နိုင် ငံ ကို နုတ် ပစ် လျက် သူ တစ် ထူး တို့ အား ပေး ဝေ ကြ လိမ့် မည်။
Burmese 2021
ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
Burmese JBZV
ထိုသူသည္ ေပၚလာၿပီးမွ နိုင္ငံေတာ္က်ိဳးပဲ့၍ သူတစ္ပါးတို႔သည္ မိုးေကာင္းကင္ေလးမ်က္ႏွာတို႔၌ ခြဲေဝၾကလိမ့္မည္။ သို႔ရာတြင္ အစိုးရေသာ သူတို႔သည္ အမ်ိဳးအႏြယ္ေတာ္မဟုတ္။ အာဏာေတာ္ႏွင့္ အစိုးမရ၊ နိုင္ငံေတာ္ကို ႏုတ္ပစ္၍ အမ်ိဳးအႏြယ္ေတာ္မွတစ္ပါး အျခားေသာ သူတို႔သည္ ရၾကလိမ့္မည္။
Burmese MCLZV
သို႔ရာတြင္သူ၏တန္ခိုးအာဏာအႀကီး မားဆုံးအခ်ိန္သို႔ေရာက္ေသာအခါ အင္ ပါယာနိုင္ငံသည္ေလးစိတ္ကြဲ၍သြားလိမ့္ မည္။ သူ၏အဆက္အႏြယ္မဟုတ္သူတို႔သည္ ထိုနိုင္ငံကိုအုပ္စိုးၾကလိမ့္မည္။ သို႔ရာတြင္ သူတို႔သည္ထိုဘုရင္ေလာက္တန္ခိုးႀကီး ၾကလိမ့္မည္မဟုတ္။
Burmese MSBU
သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။
Burmese MSBZ
သူေပၚလာၿပီးမၾကာမီမွာပင္ သူ႔ႏိုင္ငံသည္ ပ်က္စီးသြား၍ မိုးေကာင္းကင္ေအာက္အရပ္ေလးမ်က္ႏွာသို႔ ကြဲျပားသြားလိမ့္မည္။ ထိုႏိုင္ငံကို သူ၏သားစဥ္ေျမးဆက္တို႔ ဆက္ခံရၾကမည္မဟုတ္။ သူအုပ္စိုးခဲ့သည့္အာဏာစက္မ်ိဳး ရွိေတာ့မည္မဟုတ္။ သူ၏ႏိုင္ငံကို သူ႔လက္မွႏုတ္ယူ၍ အျခားသူတို႔လက္သို႔ ေပးအပ္လိမ့္မည္။