Daniel 2:28 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။
Burmese 1835 Version Judson
နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။
Burmese 1928
ကွယ် ဝှက် ရာ များ ကို ထင် ရှား စေ တော် မူ သော ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ၌ စံ နေ လျက် နောင် ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို ဘု ရင် မင်း မြတ် အား ဖော် ပြ တော် မူ လေ ပြီ။ သာ လွန် တော် ပေါ် တွင် မြင် သော မ နော ရူ ပါ ရုံ နှင့် စပ် လျဉ်း ရာ မှာ၊
Burmese 2021
နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။
Burmese JBZV
နက္​နဲ​ေသာ အ​ရာ​တို႔​ကို ဖြင့္​ျပ၍၊ ေနာင္​ကာ​လ၌ ျဖစ္​လ​တၱံ့​ေသာ အ​ရာ​တို႔​ကို ေန​ဗု​ခဒ္​ေန​ဇာ​မင္း​ႀကီး​အား ၾကား​ေျပာ​ေတာ္​မူ​ေသာ ဘု​ရား​သ​ခင္​တစ္​ဆူ​သည္ ေကာင္း​ကင္​ဘုံ​မွာ ရွိ​ေတာ္​မူ၏။
Burmese MCLZV
သို႔​ရာ​တြင္​လၽွို႔​ဝွက္​ခက္​ခဲ​ေသာ​အ​ရာ​မ်ား ကို ဖြင့္​ျပ​ေတာ္​မူ​ေသာ​ဘု​ရား​သ​ခင္​သည္ ေကာင္း​ကင္​ဘုံ​တြင္​ရွိ​ေတာ္​မူ​ပါ​၏။ ထို​ဘု​ရား သည္​အ​နာ​ဂတ္​ကာ​လ​၌​အ​ဘယ္​သို႔​ျဖစ္ ပ်က္​မည္​ကို အ​ရွင္​မင္း​ႀကီး​အား​ဖြင့္​ျပ ေတာ္​မူ​ပါ​ၿပီ။ အ​ရွင္​မင္း​ႀကီး​စက္​ေတာ္ ေခၚ​လ်က္​ေန​စဥ္ ျမင္​မက္​သည့္​အိပ္​မက္​ကို ယ​ခု​အ​ကၽြန္ုပ္​ေဖာ္​ျပ​ပါ​မည္။
Burmese MSBU
သို့သော် နက်နဲသောအရာ​ကို ဖွင့်ပြ​ပေး​နိုင်​သော​ဘုရားသခင်​တစ်​ပါး ကောင်းကင်ဘုံ​တွင် ရှိ​တော်မူ​၏​။ ထို​ဘုရား​က နောင်ကာလ​ဖြစ်ပျက်​မည့်​အရာ​များ​ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ သလွန်​တော်​ပေါ်တွင် ရှင်ဘုရင်​မြင်မက်​တော်မူ​သော​အိပ်မက်​နှင့် တွေးတော​ရင်း စိတ်အာရုံ​တွင်​မြင်​ရ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။
Burmese MSBZ
သို႔ေသာ္ နက္နဲေသာအရာ​ကို ဖြင့္ျပ​ေပး​ႏိုင္​ေသာ​ဘုရားသခင္​တစ္​ပါး ေကာင္းကင္ဘုံ​တြင္ ရွိ​ေတာ္မူ​၏​။ ထို​ဘုရား​က ေနာင္ကာလ​ျဖစ္ပ်က္​မည့္​အရာ​မ်ား​ကို ေနဗုခဒ္ေနဇာ​မင္းႀကီး​အား ေဖာ္ျပ​ေတာ္မူ​ၿပီ​။ သလြန္​ေတာ္​ေပၚတြင္ ရွင္ဘုရင္​ျမင္မက္​ေတာ္မူ​ေသာ​အိပ္မက္​ႏွင့္ ေတြးေတာ​ရင္း စိတ္အာ႐ုံ​တြင္​ျမင္​ရ​ေသာ​အရာ​ကား ဤသို႔​ျဖစ္​၏​။

Recommended Reading