Daniel 2:9 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
အိပ်မက်ကို ငါ့အားမဘော်မပြလျှင်၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်း လဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍ မိန့်တော်မူ၏။
Burmese 1928
အိပ် မက် ကို မ ဖော် မ ပြ လျှင် မူ ကား ကာ လ အ ချိန် ကို ရွှေ့ ဆိုင်း လို သော သ ဘော နှင့် ရှေ့ တော် တွင် ကောက် ကျစ် စဉ်း လဲ စွာ တင် လျှောက် ရန် ကြံ ဖန် ကြ ပြီ ဖြစ် သော ကြောင့် သင် တို့ အ ဖို့ အ ပြစ် ဒဏ် တစ် မျိုး တည်း ရှိ လိမ့် မည်။ ထို့ ကြောင့် အိပ် မက် ကို ဖော် ပြ ကြ လော့။ ပြ လျှင် အ နက် ဖတ် နိုင် ကြောင်း ကို ငါ သိ မည် ဟု မိန့် ဆို လေ ၏။
Burmese 2021
အိပ်​မက်​ကို ငါ့​အား​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​သည် အ​ကြံ​တစ်​ခု​တည်း​သာ​ရှိ​သည်​ဖြစ်၍၊ ကာ​လ​ပြောင်း​လဲ​သည်​တိုင်​အောင်၊ ငါ့​ရှေ့၌ လျှောက်​စ​ရာ​ဖို့ ကောက်​ကျစ်​လိမ်​လစ်​သော​စ​ကား​ကို ပြင်​ဆင်​နှင့်​ကြ​ပြီ။ အိပ်​မက်​ကို ပြန်​ပြော​ကြ။ ထို​သို့​ပြော​လျှင်၊ အိပ်​မက်​အ​နက်​ကို ဖော်​ပြ​နိုင်​သည်​ကို ငါ​သိ​မည်​ဟု ပြန်၍​မိန့်​တော်​မူ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
သင်​တို့​သည် ငါ့​အိပ်မက်​ကို မ​ဖော်ပြ​နိုင်​လျှင် သင်​တို့​အဖို့ အပြစ်ဒဏ်​တစ်ခု​ကို ငါ​ချမှတ်​ထား​ပြီး​ဖြစ်​၏​။ အခြေအနေ​ပြောင်းလိုပြောင်းငြား သင်​တို့​ပူးပေါင်း​ပြီး ငါ့​ကို မလိမ့်တပတ် လျှောက်တင်​ကြ​၏​။ ငါ့​အား အိပ်မက်​ကို​သာ ပြောပြ​လော့​။ သင်​တို့​သည် အိပ်မက်​ကို​ပြောပြ​နိုင်​လျှင် အနက်အဓိပ္ပာယ်​ကို​လည်း ဖွင့်ပြ​နိုင်​မည်​ကို ငါ​သိ​ရ​မည်​”​ဟု မိန့်ဆို​၏​။
Burmese MSBZ