Daniel 3:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။
Burmese 1835 Version Judson
ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။
Burmese 1928
သို့ နှင့် အ ညီ ဘာ သာ စ ကား အ မျိုး မျိုး ကို ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့ သည် တံ ပိုး၊ ခ ရာ၊ စောင်း၊ တ ရော၊ ပတ် သာ အ စ ရှိ သော တု ရိ ယာ အ မျိုး မျိုး တီး မှုတ် သံ ကြား သော အ ခါ ထို သူ အ ပေါင်း တို့ သည် နေ ဗု ခဒ် နေ ဇာ မင်း တည် ထား သော ရွှေ ရုပ် တု ကို ပျပ် ဝပ် ရှိ ခိုး ကြ ကုန်၏။
Burmese 2021
ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးအပေါင်းတို့သည် ပျပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။
Burmese JBZV
ထိုေၾကာင့္၊ လူအေပါင္းတို႔သည္ တံပိုး၊ ခရာ၊ ေစာင္း၊ ပုေလြ၊ တေယာ၊ ပတ္သာ အစရွိေသာ တူရိယာမ်ိဳး တီးမွုတ္ျခင္းအသံကို ၾကားေသာအခါ၊ အသီးသီးအျခားျခားေသာ ဘာသာစကားကိုေျပာေသာ လူအမ်ိဳးမ်ိဳးအေပါင္းတို႔သည္ ပ်ပ္ဝပ္၍၊ ေနဗုခဒ္ေနဇာမင္းႀကီး တည္ထားေသာ ေရႊ႐ုပ္တုကို ကိုးကြယ္ၾက၏။
Burmese MCLZV
သို႔ျဖစ္၍ဘာသာစကားအမ်ိဳးမ်ိဳးေျပာ ဆိုေသာလူမ်ိဳးအသီးသီးႏွင့္ နိုင္ငံအသီး သီးကလူတို႔သည္တူရိယာတီးမွုတ္သံ ကိုၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ေနဗုခဒ္ ေနဇာတည္ထားသည့္ေရႊ႐ုပ္ႀကီးကိုဦး ညႊတ္ရွိခိုးၾကကုန္၏။
Burmese MSBU
ထို့ကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသောလူမျိုးအပေါင်းတို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြားမှစ၍ တူရိယာအမျိုးမျိုးတီးမှုတ်သံကို ကြားလျှင်ကြားချင်း နေဗုခဒ်နေဇာမင်းကြီး တည်ထားသောရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးကြ၏။
Burmese MSBZ
ထို႔ေၾကာင့္ ႏိုင္ငံအသီးသီးမွ ဘာသာစကားအမ်ိဳးမ်ိဳးကိုေျပာဆိုေသာလူမ်ိဳးအေပါင္းတို႔သည္ တံပိုး၊ ပေလြ၊ ဒုံမင္း၊ ေစာင္း၊ ေစာင္းျပားမွစ၍ တူရိယာအမ်ိဳးမ်ိဳးတီးမႈတ္သံကို ၾကားလွ်င္ၾကားခ်င္း ေနဗုခဒ္ေနဇာမင္းႀကီး တည္ထားေသာေ႐ႊ႐ုပ္တုကို ပ်ပ္ဝပ္ရွိခိုးၾက၏။