Daniel 4:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
Burmese 1835 Version Judson
အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
Burmese 1928
မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး လျက် ယုတ် ညံ့ သော သူ့ ကို ပင် ချီး မြှင့် ခန့် ထား တော် မူ ကြောင်း ကို သက် ရှိ သ တ္တ ဝါ တို့ သိ မှတ် ကြ စေ ခြင်း ငှာ ထို အ မိန့် သည် စောင့် ကြည့် သူ တို့၏ ပြ ဋ္ဌာန်း ချက်၊ အ မှု လည်း သန့် ရှင်း သူ တို့၏ စီ ရင် ချက် ကြောင့် ဖြစ် သ တည်း ဟု ဟစ် ကြော် လေ၏။
Burmese 2021
အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကိုလည်းကောင်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှာ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
Burmese JBZV
အေၾကာင္းမူကား၊ အျမင့္ဆုံးေသာဘုရားသည္ ေလာကီနိုင္ငံကို အုပ္စိုးေတာ္မူသည္ကိုလည္းေကာင္း၊ ေပးလိုေသာ သူတို႔အား ေပးေတာ္မူသည္ကိုလည္းေကာင္း၊ ယုတ္မာေသာ သူတို႔ကို ခ်ီးေျမႇာက္၍ နိုင္ငံကိုအပ္ေပးေတာ္မူသည္ကိုလည္းေကာင္း သတၱဝါတို႔ သိနားလည္ရေသာ အခြင့္ရွိေစျခင္းငွာ၊ သစ္ပင္ေစာင့္တို႔သည္ ဤသို႔စီရင္ၾကၿပီ။ သန္႔ရွင္းသူတို႔သည္ အမိန္႔ေတာ္ကို ေပးၾကၿပီဟု ဟစ္ေၾကာ္ေလ၏။
Burmese MCLZV
ဤကားနိုးၾကားေစာင့္ၾကည့္သူေကာင္းကင္ တမန္မ်ား၏စီရင္ဆုံးျဖတ္ခ်က္တည္း။ သို႔ ျဖစ္၍အျမင့္ျမတ္ဆုံးေသာဘုရားသခင္ သည္ ေလာကီနိုင္ငံမ်ားအေပၚသို႔တန္ခိုး အာဏာလႊမ္းမိုးေတာ္မူနိုင္ေၾကာင္းကိုလည္း ေကာင္း၊ ကိုယ္ေတာ္သည္အသိမ္ငယ္ဆုံးေသာ သူကိုပင္လၽွင္ေရြးခ်ယ္၍မင္းေျမႇာက္ေတာ္ မူနိုင္ေၾကာင္းကိုလည္းေကာင္း အရပ္တကာ ရွိလူအေပါင္းတို႔သိရွိၾကေစ' ဟုအသံ က်ယ္စြာေႂကြးေၾကာ္၏။
Burmese MSBU
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
Burmese MSBZ
ဤသည္ကား ေကာင္းကင္တမန္တို႔ေၾကညာေသာ စီရင္ခ်က္ျဖစ္၏။ သန႔္ရွင္းသူတို႔၏စကားလည္း ျဖစ္၏။ အျမင့္ဆုံးေသာအရွင္သည္ လူ႔ျပည္ကိုအုပ္စိုး၍ အလိုေတာ္ရွိေသာသူအား ေပးေတာ္မူေၾကာင္းႏွင့္ အနိမ့္ဆုံးေသာသူကိုပင္ အုပ္စိုးခြင့္ေပးေတာ္မူေၾကာင္းကို အသက္ရွင္သူတို႔ သိေစရန္ ျဖစ္၏’ဟု ဆိုေလ၏။