Daniel 4:24 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``အရှင်မင်းကြီး၊ အမြင့်မြတ်ဆုံးသောဘုရားသခင်က အရှင်မင်းကြီးမည်သို့မည်ပုံဖြစ် ပျက်ရမည်ကိုမိန့်မြွက်ဖော်ပြတော်မူလေ ပြီ။ အိပ်မက်၏အနက်ကားဤသို့တည်း။-
Burmese 1835 Version Judson
အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
Burmese 1928
မြင့် မြတ် သော ဘု ရား သည် လူ့ ဘုံ ကို အုပ် စိုး ၍ အ လို တော် အ လျောက် အာ ဏာ စက် အပ် ပေး တော် မူ ကြောင်း ကို သိ မှတ် ရ သည့် တိုင် အောင် ဘု ရင် မင်း မြတ် သည် လူ့ ဘောင် မှ နှင် ထုတ် ခံ ရ ခြင်း၊ မြေ တိ ရ စ္ဆာန့် ဘောင် တွင် နေ ရ သည့် ပြင် နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း၊ မိုး နှင်း စို စွတ် ခြင်း များ ကို ကာ လ ခု နစ် ခု မြောက် ခံ ရ လိမ့် မည်။ ၎င်း ပြင် အ မြစ် အ ငုတ် ကို ခြွင်း ထား စေ ဟူ သော အ မိန့် နှင့် အ ညီ ကောင်း ကင် ဘုံ ရှင် အုပ် စိုး တော် မူ ကြောင်း ကို ဘု ရင် မင်း မြတ် သိ မှတ် ပြီး နောက် နိုင် ငံ တော် ကို တည် မြဲ တည် ပြန် ရ လိမ့် မည် ဟူ၍ မြင့် မြတ် သော ဘု ရား ပြ ဋ္ဌာန်း တော် မူ ချက် သည် အ ရှင် ဘု ရင် မင်း မြတ်၌ ရောက် လိမ့် သ တည်း။
Burmese 2021
အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော်မူချက်၏အနက်ဟူမူကား၊
Burmese JBZV
အျမင့္ဆုံးေသာ ဘုရားသခင္စီရင္ေတာ္မူ၍၊ အရွင္မင္းႀကီးအေပၚ၌ ေရာက္ရေသာ ျမင္မက္ေတာ္မူခ်က္၏အနက္ဟူမူကား၊
Burmese MCLZV
``အရွင္မင္းႀကီး၊ အျမင့္ျမတ္ဆုံးေသာဘုရားသခင္က အရွင္မင္းႀကီးမည္သို႔မည္ပုံျဖစ္ ပ်က္ရမည္ကိုမိန႔္ႁမြက္ေဖာ္ျပေတာ္မူေလ ၿပီ။ အိပ္မက္၏အနက္ကားဤသို႔တည္း။-
Burmese MSBU
အို အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်နှင့် အကျွန်ုပ်၏အရှင်မင်းကြီးအပေါ် ကျရောက်လာမည့် အမြင့်ဆုံးသောအရှင်၏အမိန့်တော်ကား ဤသို့ ဖြစ်၏။
Burmese MSBZ
အို အရွင္မင္းႀကီး၊ အရွင္မင္းႀကီး၏အိပ္မက္အနက္အဓိပၸာယ္ႏွင့္ အကြၽႏ္ုပ္၏အရွင္မင္းႀကီးအေပၚ က်ေရာက္လာမည့္ အျမင့္ဆုံးေသာအရွင္၏အမိန႔္ေတာ္ကား ဤသို႔ ျဖစ္၏။