Daniel 5:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
Burmese 1835 Version Judson
ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့်၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လို သော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။
Burmese 1928
သ နား တော် မူ သော ထို အ ထွဋ် အ မြတ် ကြောင့် ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့ သည် ရှေ့ တော်၌ ကြောက် ရွံ့ တုန် လှုပ် လျက် နေ ရ ကြ၏။ အ လို တော် ရှိ ရာ ကွပ် မျက် ခြင်း၊ ချမ်း သာ စေ ခြင်း ကို ပြု တော် မူ၍ အ လို တော် ရှိ ရာ ပင် ချီး မြှင့် ခြင်း၊ နှိမ့် ချ ခြင်း ကို လည်း ပြု တော် မူ ပါ ၏။
Burmese 2021
ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ်ကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လိုသော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။
Burmese JBZV
ေပးသနားေတာ္မူေသာ ထိုေရႊဘုန္းေတာ္ျမတ္ေၾကာင့္၊ အရပ္ရပ္တို႔၌ေန၍ အသီးသီးအျခားျခားေသာ ဘာသာစကားကို ေျပာေသာ လူမ်ိဳးတကာတို႔သည္ ေရွ႕ေတာ္၌ ေၾကာက္ရြံ့တုန္လွုပ္လ်က္ ေနၾက၏။ သတ္လိုေသာ သူတို႔ကို သတ္ေတာ္မူ၏။ အသက္ရွင္ေစလိုေသာ သူတို႔ကို ရွင္ေစေတာ္မူ၏။ ခ်ီးေျမႇာက္လိုေသာ သူတို႔ကို ခ်ီးေျမႇာက္ေတာ္မူ၏။ ႏွိမ့္ခ်လိုေသာသူတို႔ကို ႏွိမ့္ခ်ေတာ္မူ၏။
Burmese MCLZV
သူသည္လြန္စြာႀကီးျမတ္ေတာ္မူသျဖင့္ ဘာ သာစကားအမ်ိဳးမ်ိဳးေျပာဆိုသူလူမ်ိဳး အသီးသီးႏွင့္ နိုင္ငံအသီးသီးတို႔ရွိလူ အေပါင္းတို႔သည္ေၾကာက္လန႔္တုန္လွုပ္ၾက ပါ၏။ သူသည္မိမိကြပ္မ်က္လိုသူကိုကြပ္ မ်က္၍အသက္ရွင္ေစလိုသူကိုရွင္ေစ ေတာ္မူခဲ့ပါ၏။ ခ်ီးေျမႇာက္လိုသူကိုခ်ီး ေျမႇာက္၍ႏွိမ့္ခ်လိုသူကိုႏွိမ့္ခ်ေတာ္မူ ခဲ့ပါ၏။-
Burmese MSBU
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
Burmese MSBZ
ထိုသို႔ ဘုန္းတန္ခိုးကို ေပးေတာ္မူေသာေၾကာင့္ ႏိုင္ငံအသီးသီးမွ ဘာသာစကားအမ်ိဳးမ်ိဳးေျပာဆိုေသာလူမ်ိဳးအေပါင္းတို႔သည္ သူ၏ေရွ႕တြင္ ေၾကာက္႐ြံ႕တုန္လႈပ္ၾကရပါ၏။ သူသည္ သတ္လိုေသာသူကို သတ္၍ အသက္ခ်မ္းသာေပးလိုေသာသူကို ေပးပါ၏။ ခ်ီးေျမႇာက္လိုေသာသူကို ခ်ီးေျမႇာက္၍ ႏွိမ့္ခ်လိုေသာသူကို ႏွိမ့္ခ်ပါ၏။
Recommended Reading