Daniel 7:5 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ငါ​သည်​ဒု​တိ​ယ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​နောက်​ခြေ​နှစ်​ချောင်း​ဖြင့်​ရပ်​လျက်​နေ​သော​ဝက်​ဝံ​နှင့်​တူ​၏။ သူ​၏​ပါး​စပ်​တွင်​နံ​ရိုး​သုံး​ချောင်း​ကို​ကိုက်​၍​ထား​၏။ အ​သံ​တစ်​ခု​က​သူ့​အား``အ​သား​ကို​ဝ​အောင်​စား​လော့'' ဟု​ဆို​၏။
Burmese 1835 Version Judson
တဘက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပစပ်၌ နံရိုး သုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။
Burmese 1928
ဒု တိ ယ သား ရဲ ကား ဝံ နှင့် တူ၏။ ကိုယ် တစ် ဘက် ကို ကြွ လျက် နှုတ်၌ နံ ရိုး သုံး ချောင်း ကိုက် ချီ၏။ ထို သား ရဲ အား၊ ထ၍ အ သား များ စွာ ကို ကိုက် စား လော့ ဟု ပြော ဆို ကြ၏။
Burmese 2021
တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။
Burmese JBZV
တစ္​ဖက္၌ ကိုယ္​ကို​ကိုယ္​ခ်ီ​ႂကြ၏။ ပါး​စပ္၌ နံ​ရိုး​သုံး​ေခ်ာင္း​ကို ကိုက္​လ်က္​ရွိ၏။ သင္​ထ​ေလာ့။ အ​သား​မ်ား​ကို ကိုက္​စား​ေလာ့​ဟု သူ႔​အား​ေျပာ​ၾက၏။
Burmese MCLZV
ငါ​သည္​ဒု​တိ​ယ​သား​ရဲ​ကို​ျမင္​ရ​၏။ ထို သား​ရဲ​သည္​ေနာက္​ေျခ​ႏွစ္​ေခ်ာင္း​ျဖင့္​ရပ္ လ်က္​ေန​ေသာ​ဝက္​ဝံ​ႏွင့္​တူ​၏။ သူ​၏​ပါး စပ္​တြင္​နံ​ရိုး​သုံး​ေခ်ာင္း​ကို​ကိုက္​၍​ထား​၏။ အ​သံ​တစ္​ခု​က​သူ႔​အား``အ​သား​ကို​ဝ ေအာင္​စား​ေလာ့'' ဟု​ဆို​၏။
Burmese MSBU
တစ်ဖန် ငါ​ကြည့်​နေ​စဉ် ဝက်ဝံ​နှင့်​တူ​သော​ဒုတိယ​သားရဲ ထွက်လာ​၏​။ ထို​သားရဲ​သည် ကိုယ်​ကို​တစ်ဖက်​ကြွ​ထား​ပြီး နှုတ်​တွင်​လည်း နံရိုး​သုံး​ချောင်း​ကို ကိုက်​ထား​၏​။ အသံ​တစ်​သံ​က သူ့​အား ‘ထ​ပါ​။ အသား​များများ​စား​ပါ’​ဟု ဆို​၏​။
Burmese MSBZ
တစ္ဖန္ ငါ​ၾကည့္​ေန​စဥ္ ဝက္ဝံ​ႏွင့္​တူ​ေသာ​ဒုတိယ​သားရဲ ထြက္လာ​၏​။ ထို​သားရဲ​သည္ ကိုယ္​ကို​တစ္ဖက္​ႂကြ​ထား​ၿပီး ႏႈတ္​တြင္​လည္း နံ႐ိုး​သုံး​ေခ်ာင္း​ကို ကိုက္​ထား​၏​။ အသံ​တစ္​သံ​က သူ႔​အား ‘ထ​ပါ​။ အသား​မ်ားမ်ား​စား​ပါ’​ဟု ဆို​၏​။

Recommended Reading