Daniel 8:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။
Burmese 1835 Version Judson
အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
Burmese 1928
အ မျက် ဒေါ သ နှင့် ထို သိုး ထီး ကို ချဉ်း ကပ် ခတ် ဝှေ့ လျက် ဦး ချို နှစ် ချောင်း လုံး ချိုး ဖဲ့ သည် ကို ငါ မြင်၏။ သိုး ထီး၌ ခံ ရပ် နိုင် သော အ စွမ်း မ ရှိ သ ဖြင့် ၎င်း ကို မြေ သို့ လှဲ၍ ဖိ နင်း လေ၏။ လက် တွင်း မှ လည်း ကယ် လွှတ် ခြင်း ငှာ စွမ်း နိုင် သူ မ ရှိ ချေ။
Burmese 2021
အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
Burmese JBZV
အနားသို႔ ေရာက္ေသာအခါ၊ ျပင္းစြာ အမ်က္ထြက္သျဖင့္ သိုးကို ခတ္၍ သိုးခ်ိဳႏွစ္ေခ်ာင္းကို ခ်ိဳးဖဲ့၏။ သိုးသည္ ခံနိုင္ေသာ တန္ခိုးမရွိသည္ ျဖစ္၍ ဆိတ္သည္ သူ႔ကိုေျမ၌လွဲ၍ နင္းေလ၏။ သူ႔လက္မွ အဘယ္သူမၽွ သိုးကို မကယ္မလႊတ္နိုင္။
Burmese MCLZV
ငါသည္ဆိတ္ကသိုးအားေဝွ႕သည္ကိုၾကည့္ ၍ေန၏။ ဆိတ္သည္ျပင္းစြာအမ်က္ထြက္၍ သိုးကိုတအားကုန္ေဝွ႕လိုက္ရာသိုး၏ဦး ခ်ိဳႏွစ္ေခ်ာင္းက်ိဳးေလ၏။ သိုးသည္ျပန္လည္ ခုခံနိုင္စြမ္းမရွိသျဖင့္ေျမေပၚသို႔လဲ က်ကာေျခႏွင့္အနင္းခံရေလသည္။ အဘယ္သူမၽွသူ႔အားမကယ္နိုင္ေတာ့ေပ။
Burmese MSBU
သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။
Burmese MSBZ
သိုးထီးအနီးသို႔ ေရာက္လာေသာအခါ အမ်က္ေဒါသျဖင့္ သိုးထီးကိုတိုက္ခိုက္ၿပီး သိုးထီး၏ခ်ိဳႏွစ္ေခ်ာင္းအား ခ်ိဳးဖဲ့ပစ္သည္ကို ငါျမင္ရ၏။ သိုးထီး၌ ဆိတ္ထီးကို ယွဥ္ႏိုင္ေသာခြန္အားမရွိ။ ဆိတ္ထီးသည္ သူ႔ကိုေျမေပၚတြင္လွဲခ်ကာ နင္းေခ်ပစ္၏။ မည္သူမွ် သူ႔ကို ဆိတ္ထီးလက္မွ မကယ္ႏုတ္ႏိုင္။