Daniel 9:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
Burmese 1835 Version Judson
အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎င်းကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာ စကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
Burmese 1928
အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ နား ညောင်း နာ ယူ တော် မူ ပါ။ စ က္ခု တော် ကို ဖွင့်၍ ကျွန် တော် တို့၏ ဆိတ် ညံ ရာ ကို လည်း ကောင်း၊ နာ မ တော် ဖြင့် သ မုတ် သော မြို့ ကို လည်း ကောင်း ကြည့် ရှု တော် မူ ပါ။ အ ကျွန်ုပ် တို့ သည် ကိုယ့် ဖြောင့် မတ် ခြင်း ကို အ မှီ မ ပြု ဘဲ၊ မ ဟာ က ရု ဏာ တော် ကို သာ အ မှီ ပြု ၍ ရှေ့ တော်၌ အ သ နား တော် ခံ ကြ ပါ ၏။
Burmese 2021
အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပတ္ထနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
Burmese JBZV
အကၽြန္ုပ္၏ဘုရားသခင္၊ နားေတာ္ကိုလွည့္၍ နားေထာင္ေတာ္မူပါ။ မ်က္စိေတာ္ကိုဖြင့္၍ အကၽြန္ုပ္တို႔ ပ်က္စီးရာမ်ားကိုလည္းေကာင္း၊ နာမေတာ္ျဖင့္ သမုတ္ေသာၿမိဳ႕ကိုလည္းေကာင္း ၾကည့္ရွုေတာ္မူပါ။ အကၽြန္ုပ္တို႔သည္ ကိုယ္ကုသိုလ္ကို အမွီမျပဳ၊ မဟာက႐ုဏာေတာ္ကိုသာ အမွီျပဳ၍ ပတၳနာစကားကို ေရွ႕ေတာ္၌ ဆက္ကပ္ပါ၏။
Burmese MCLZV
အို ဘုရားသခင္၊ အကၽြန္ုပ္တို႔၏ေလၽွာက္ ထားခ်က္ကိုနားေထာင္ေတာ္မူပါ။ အကၽြန္ုပ္ တို႔အားၾကည့္ေတာ္မူ၍ကိုယ္ေတာ္ရွင့္နာမ ေတာ္ကိုခံယူထားသည့္ၿမိဳ႕၏ေဝဒနာကို ရွုမွတ္ေတာ္မူပါ။ အကၽြန္ုပ္တို႔သည္မိမိတို႔ ေကာင္းမြန္၊ မွန္ကန္မွုကိုအမွီမျပဳ၊ ကိုယ္ ေတာ္၏ႀကီးျမတ္ေသာက႐ုဏာကို အမွီျပဳ၍ဆုေတာင္းပါ၏။-
Burmese MSBU
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
Burmese MSBZ
အို ဘုရားသခင္၊ နားေတာ္ကို လွည့္၍ ၾကားေတာ္မူပါ။ မ်က္စိေတာ္ကို ဖြင့္၍ ပ်က္စီးသြားေသာအကြၽႏ္ုပ္တို႔ေနရာ၊ နာမေတာ္ျဖင့္ေခၚေဝၚသမုတ္ေတာ္မူေသာၿမိဳ႕ေတာ္ကို ၾကည့္ရႈေတာ္မူပါ။ အကြၽႏ္ုပ္တို႔သည္ ကိုယ္ေျဖာင့္မတ္ျခင္းေၾကာင့္မဟုတ္ဘဲ ႀကီးမားေသာက႐ုဏာေတာ္ကိုသာ ေမွ်ာ္ကိုးလ်က္ ေရွ႕ေတာ္၌ အသနားေတာ္ခံပါ၏။