Deuteronomy 13:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
Burmese 1835 Version Judson
ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
Burmese 1928
ယ နေ့ ငါ ဆင့် ဆို သ မျှ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် များ ကို နာ ယူ စောင့် ရှောက် လျက်၊ မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် ကြ သည့် ကာ လ သင် တို့ အ ပေါ်၌ က ရု ဏာ ရှိ သ ဖြင့် သ နား၌ တိုး ပွား စေ မည် ဟု ဘိုး ဘေး တို့ အား သစ္စာ ဆို တော် မူ ခဲ့ သည့် အ လျောက်၊ အ မျက် တော် ရှိန် ကို ငြိမ်း စေ တော် မူ အံ့ သော ငှာ မြေ လှန် ဖွယ် အ ရာ မည် သည် ကို မျှ လက် မ လွှတ် ဘဲ မ နေ ကြ လင့်။
Burmese 2021
ထာဝရဘုရားသည် အမျက်တော်အရှိန်ကိုငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ကတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေတော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစ်စုံတစ်ခုကိုမျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
Burmese JBZV
ထာဝရဘုရားသည္ အမ်က္ေတာ္အရွိန္ကိုၿငိမ္းေစ၍၊ သင္၏ဘိုးေဘးတို႔အား ကတိေတာ္ရွိသည္အတိုင္း၊ သင့္ကို ကယ္မသနားေတာ္မူသျဖင့္ မ်ားျပားေစေတာ္မူမည္အေၾကာင္း၊ က်ိန္အပ္ေသာဥစၥာ တစ္စုံတစ္ခုကိုမၽွ မသိမ္းမယူဘဲ၊ အလုံးစုံတို႔ကို စြန္႔ပစ္ရမည္။
Burmese MCLZV
ဖ်က္ဆီးပစ္ရမည့္အရာတစ္စုံတစ္ခုကို မၽွ သင္တို႔အတြက္သိမ္းဆည္းမထားရ။ ထို အတိုင္းေဆာင္ရြက္လၽွင္ ထာဝရဘုရားသည္ အမ်က္ေတာ္ေျပလ်က္ သင္တို႔အားသနား ၾကင္နာေတာ္မူလိမ့္မည္။ ငါယေန႔သင္တို႔ အားမွာၾကားသည့္ပညတ္ရွိသမၽွတို႔ကို ေစာင့္ထိန္းလ်က္ ကိုယ္ေတာ္၏အလိုေတာ္ အတိုင္းေဆာင္ရြက္လၽွင္ သင္တို႔၏ဘိုးေဘး တို႔အားကတိေတာ္ရွိသည့္အတိုင္း ကိုယ္ ေတာ္သည္သင္တို႔ကိုသနားၾကင္နာ၍ သင္တို႔၏လူမ်ိဳးကိုတိုးပြားမ်ားျပား ေစေတာ္မူလိမ့္မည္။''
Burmese MSBU
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
Burmese MSBZ
ထာဝရဘုရား၏ျပင္းထန္ေသာအမ်က္ေတာ္သည္ေျပ၍ သင့္ကို သနားစုံမက္ေတာ္မူမည့္အေၾကာင္း၊ သင့္ကို သနားစုံမက္၍ သင္၏ဘိုးေဘးတို႔အား က်ိန္ဆိုေတာ္မူခဲ့သည့္အတိုင္း သင့္ကိုတိုးပြားေစေတာ္မူမည့္အေၾကာင္း သင္သည္ က်ိန္ျခင္းခံရေသာအရာတစ္စုံတစ္ခုကိုမွ် သင္၏လက္ထဲ၌ မထားရ။