Deuteronomy 18:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-
Burmese 1835 Version Judson
လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊
Burmese 1928
သား စဉ် မြေး ဆက် တို့ ပါ၊ ထာ ဝ ရ ဘု ရား နာ မ တော် ကို အ မှီ ပြု၍ မ ပြတ် ခ စား ဝတ် ပြု စေ ရန်၊ အ နွယ် အ ပေါင်း တို့ အ နက် ထို အ နွယ် ကို၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ လျောက်၊ နွား၊ သိုး၊ ဆိတ် တို့ ကို ဆက် ကပ် ပူ ဇော် ကြ သော လူ ပ ရိ သတ် သည် လက် တစ် ဖက်၊ ပါး နှစ် ဖက် သား၊ အ စာ အိမ် များ ကို ထုံး ဖွဲ့ ချက် ဆွမ်း အ ဖြစ် လှူ ကြ ရ မည့် ပြင်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ လက် ဦး လက် ဖျား ကိုလည်း ကောင်း၊ အ ဦး ညှပ် သော သိုး ဆိတ် မွေး ကိုလည်း ကောင်း၊ ပ ရော ဟိတ် တို့ ထံ လှူ ကြ စေ။
Burmese 2021
လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဖို့ ပခုံးတစ်ဖက်၊ ပါးနှစ်ဖက်၊ အအူများကိုလည်းကောင်း၊
Burmese JBZV
လူတို႔သည္ ယဇ္ပူေဇာ္ေသာအခါ၊ ႏြားျဖစ္ေစ၊ သိုးျဖစ္ေစ၊ ယဇ္ပုေရာဟိတ္ ခံရေသာအဖို႔ ပခုံးတစ္ဖက္၊ ပါးႏွစ္ဖက္၊ အအူမ်ားကိုလည္းေကာင္း၊
Burmese MCLZV
``ႏြားသို႔မဟုတ္သိုးကိုယဇ္ပူေဇာ္ေသာအခါ ပခုံး၊ ေမးရိုးႏွင့္အစာအိမ္ကိုယဇ္ပုေရာ ဟိတ္တို႔အားေပးရမည္။-
Burmese MSBU
နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။
Burmese MSBZ
ႏြားကိုျဖစ္ေစ၊ သိုးကိုျဖစ္ေစ ယဇ္ပူေဇာ္ေသာသူတို႔သည္ ပခုံး၊ ေမး႐ိုး၊ ဝမ္းဗိုက္ စသည္တို႔ကို ယဇ္ပုေရာဟိတ္အားေပးရမည္။ ဤသည္ကား လူတို႔ထံမွ ယဇ္ပုေရာဟိတ္တို႔ရရွိေသာေဝစုျဖစ္၏။