Deuteronomy 2:28 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။''
Burmese 1835 Version Judson
စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
Burmese 1928
စိ ရ တောင် တွင် နေ ထိုင် သော ဧ သော့ အ မျိုး သား တို့ နှင့်၊ အာ ရ ပြည် တွင် နေ ထိုင် သော မော ဘ လူ မျိုး တို့ ပြု လိုက် ကြ သည့် နည်း တူ၊ ကျွန် တော် တို့ အား ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ရောက်၊ ယော် ဒန် မြစ် ကို မ ကူး မ ချင်း၊ ခြေ လျင် ဖြတ် သွား ခွင့် ပေး လျက် တန် ဖိုး ယူ၍၊ သုံး သောက် ရန် ခဲ ဖွယ် သောက် ဖွယ် ကို ရောင်း တော် မူ ပါ ဟု မိတ် သ ဟာ ယ စ ကား ကို ကြား လိုက် သော် လည်း၊
Burmese 2021
စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိတ်သဟာယစကားနှင့် ပြောဆိုသော်လည်း၊
Burmese JBZV
Burmese MCLZV
Burmese MSBU
စိရပြည်၌နေထိုင်ကြသော ဧသောသားမြေးတို့နှင့် အာရပြည်၌နေထိုင်ကြသော မောဘလူမျိုးတို့ပြုသည့်နည်းတူ အကျွန်ုပ်တို့စားဖို့ အစားအစာ၊ အကျွန်ုပ်တို့သောက်ဖို့ရေကို အကျွန်ုပ်တို့အား ငွေဖြင့်ရောင်းပေးပါ။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့မရောက်မီတိုင်အောင် အရှင့်ပြည်ကို ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်’ဟု ငြိမ်းချမ်းရေးစကားကို ပြောဆိုသော်လည်း
Burmese MSBZ