Deuteronomy 24:20 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-
Burmese 1835 Version Judson
သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန် ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုး သား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
Burmese 1928
သံ လွင် သီး ကို ရိုက် ခါ ကြ ပြီး လျှင်၊ အ သီး ကျန် ကို မ ချွေ မ ယူ ဘဲ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ ဖို့ ရှိ စေ။
Burmese 2021
သင်၏​သံ​လွင်​သီး​ကို ရိုက်​ချွေ​သော​အ​ခါ၊ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍ မ​ရိုက်​ချွေ​ရ။ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။
Burmese JBZV
သင္၏​သံ​လြင္​သီး​ကို ရိုက္​ေခၽြ​ေသာ​အ​ခါ၊ က်န္​ႂကြင္း​ေသာ​အ​သီး​ကို ျပန္၍ မ​ရိုက္​ေခၽြ​ရ။ တစ္​ပါး​အ​မ်ိဳး​သား၊ မိ​ဘ​မ​ရွိ​ေသာ​သူ၊ မု​ဆိုး​မ​အ​ဖို႔ ထား​ရ​မည္။
Burmese MCLZV
သံ​လြင္​သီး​မ်ား​ကို​လည္း​တစ္​ႀကိမ္​ဆြတ္​ခူး ၿပီး​လၽွင္ အ​ႂကြင္း​အ​က်န္​ကို​ေနာက္​တစ္​ႀကိမ္ ျပန္​ေၾကာ့​၍​မ​ဆြတ္​ခူး​ရ။ ထို​ႂကြင္း​က်န္ ေသာ​အ​သီး​မ်ား​ကို​လူ​မ်ိဳး​ျခား​မ်ား၊ မိ​ဘ​မဲ့​က​ေလး​မ်ား​ႏွင့္​မု​ဆိုး​မ​မ်ား အ​တြက္​ခ်န္​ထား​ရ​မည္။-
Burmese MSBU
သင်​သည် သံလွင်သီး​ကို ခါချ​သောအခါ ကြွင်းကျန်​သော​အသီး​ကို နောက်တစ်ခါ မ​ခါချ​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။
Burmese MSBZ
သင္​သည္ သံလြင္သီး​ကို ခါခ်​ေသာအခါ ႂကြင္းက်န္​ေသာ​အသီး​ကို ေနာက္တစ္ခါ မ​ခါခ်​ရ​။ တိုင္းတစ္ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို႔​အတြက္ ခ်န္ထား​ရ​မည္​။