Deuteronomy 26:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။
Burmese 1835 Version Judson
ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။
Burmese 1928
သန့် ရှင်း သော စံ ရာ တော် ကောင်း ကင် ဘ ဝဂ် မှ စီး ကြည့် တော် မူ၍ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သည့် အ တိုင်း ပေး သ နား သော၊ နို့ ရည် ပျား ရည် လွှမ်း စီး ရာ ပြည် နယ် နှင့် တ ကွ၊ ဣ သ ရေ လ လူ မျိုး တော် ကို ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။
Burmese 2021
ကိုယ်​တော်၏ သန့်​ရှင်း​သော နေ​ရာ​ကောင်း​ကင်​ဘုံ​မှ ငုံ့​ကြည့်၍၊ ကိုယ်​တော်၏ လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​အား ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​ရ​မည်။
Burmese JBZV
ကိုယ္​ေတာ္၏ သန္႔​ရွင္း​ေသာ ေန​ရာ​ေကာင္း​ကင္​ဘုံ​မွ ငုံ႔​ၾကည့္၍၊ ကိုယ္​ေတာ္၏ လူ​ဣ​သ​ေရ​လ​အ​မ်ိဳး​ကို​လည္း​ေကာင္း၊ ဘိုး​ေဘး​တို႔​အား က်ိန္​ဆို​ေတာ္​မူ​သည္​အ​တိုင္း၊ အ​ကၽြန္ုပ္​တို႔​အား ေပး​ေတာ္​မူ​ေသာ​ျပည္၊ နို႔​ႏွင့္​ပ်ား​ရည္ စီး​ေသာ​ျပည္​ကို​လည္း​ေကာင္း ေကာင္း​ခ်ီး​ေပး​ေတာ္​မူ​ပါ​ဟု ေလၽွာက္​ဆို​ရ​မည္။
Burmese MCLZV
ကိုယ္​ေတာ္​စိုး​စံ​ေတာ္​မူ​ရာ​ေကာင္း​ကင္​ဘုံ​မွ ၾကည့္​ရွု​ေတာ္​မူ​၍ ဘိုး​ေဘး​တို႔​အား​က​တိ ထား​ေတာ္​မူ​သည့္​အ​တိုင္း​ေပး​သ​နား​ေသာ အ​စာ​ေရ​စာ​ေပါ​ႂကြယ္​ဝ​သည့္​ျပည္​ႏွင့္ တ​ကြ ကိုယ္​ေတာ္​၏​လူ​မ်ိဳး​ေတာ္​ျဖစ္​ေသာ ဣ​သ​ေရ​လ​လူ​မ်ိဳး​တို႔​အား​ေကာင္း​ခ်ီး ေပး​ေတာ္​မူ​ပါ' ဟူ​၍​ေလၽွာက္​ဆို​ရ​မည္။
Burmese MSBU
ကိုယ်တော်​၏​သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ဖြစ်​သော ကောင်းကင်ဘုံ​မှ ငုံ့ကြည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို​လည်းကောင်း​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​တို့​အား ပေး​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​လည်းကောင်း ကောင်းချီးပေး​တော်မူ​ပါ​’​ဟု လျှောက်ဆို​ရ​မည်​။
Burmese MSBZ
ကိုယ္ေတာ္​၏​သန႔္ရွင္း​ေသာ​ကိန္းဝပ္​ေတာ္မူ​ရာ​အရပ္​ျဖစ္​ေသာ ေကာင္းကင္ဘုံ​မွ ငုံ႔ၾကည့္​ေတာ္မူ​ပါ​။ ကိုယ္ေတာ္​၏​လူမ်ိဳး​ေတာ္​အစၥေရး​ကို​လည္းေကာင္း​၊ အကြၽႏ္ုပ္​တို႔​၏​ဘိုးေဘး​တို႔​အား က်ိန္ဆို​ေတာ္မူ​ခဲ့​သည့္​အတိုင္း အကြၽႏ္ုပ္​တို႔​အား ေပး​ေတာ္မူ​သည့္ ႏို႔​ႏွင့္​ပ်ားရည္​စီး​ေသာ​ျပည္​ကို​လည္းေကာင္း ေကာင္းခ်ီးေပး​ေတာ္မူ​ပါ​’​ဟု ေလွ်ာက္ဆို​ရ​မည္​။