Deuteronomy 28:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။-
Burmese 1835 Version Judson
ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
Burmese 1928
ပေး မည် ဟူ၍ ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် သား သ မီး တို့ မှ စ သော တိ ရ စ္ဆာန်၏ သား ငယ် နှင့် မြေ အ သီး အ နှံ၊ စည်း စိမ် ချမ်း သာ အ များ အ ပြား ကို ပေး တော် မူ လ တ္တံ့။
Burmese 2021
ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။
Burmese JBZV
ထာ​ဝ​ရ​ဘု​ရား​သည္ သင့္​အား​ေပး​ျခင္း​ငွာ ဘိုး​ေဘး​တို႔​အား က်ိန္​ဆို​ေတာ္​မူ​ေသာ​ျပည္၌ ဥ​စၥာ​ပ​စၥည္း၊ သား​သ​မီး၊ တိ​ရ​စၧာန္​အ​တိုး​အ​ပြား၊ ေျမ​အ​သီး​အ​ႏွံ​မ်ား​ကို ႂကြယ္​ဝ​ေစ​ေတာ္​မူ​မည္။
Burmese MCLZV
ထာ​ဝ​ရ​ဘု​ရား​သည္ သင္​တို႔​ကို​ေပး​မည္​ဟု ဘိုး​ေဘး​တို႔​အား​က​တိ​ထား​ေတာ္​မူ​ေသာ ျပည္​တြင္ သင္​တို႔​၌​သား​သ​မီး၊ သိုး​ႏြား၊ တိ​ရစၧာန္ ေျမာက္​ျမား​စြာ​ရ​ရွိ​ေစ​ေတာ္​မူ​လိမ့္​မည္။ အ​သီး​အ​ႏွံ​ေပါ​မ်ား​ေစ​ေတာ္​မူ​လိမ့္​မည္။-
Burmese MSBU
ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။
Burmese MSBZ
ထာဝရဘုရား​က ထို​ျပည္​ကို သင့္​အား​ေပး​မည္​ဟု သင္​၏​ဘိုးေဘး​တို႔​အား က်ိန္ဆို​ေတာ္မူ​ခဲ့​သည္​ႏွင့္အညီ ထို​ျပည္​၌ သင့္​သားသမီး​၊ သင့္​တိရစာၦန္​၏​သားေပါက္​၊ သင့္​ေျမ​၏​အသီးအႏွံ​ျဖင့္ သင့္​ကို ထာဝရဘုရား ေကာင္းစား​ေစ​ေတာ္မူ​မည္​။