Deuteronomy 28:36 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Burmese 1835 Version Judson
ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
Burmese 1928
မြှောက် ကြ မည့် မင်း နှင့် တ ကွ သင် တို့ ကို ဘိုး ဘေး မှ စ၍ သင် တို့ ကိုယ် တိုင် မ သိ ဘူး သော လူ မျိုး ခြား လက် တွင်း သို့၊ ထာ ဝ ရ ဘု ရား ရောက် စေ တော် မူ မည့် အ လျောက်၊ ကျောက်၊ သစ် သား ဖြင့် လုပ် သော အ ခြား ဘု ရား များ ကို ဝတ် ပြု ရ မည့် သင် တို့ သည်
Burmese 2021
ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
Burmese JBZV
ထာဝရဘုရားသည္၊ သင္ခ်ီးေျမႇာက္ေသာရွင္ဘုရင္ကို သင္ႏွင့္ သင့္ဘိုးေဘးတို႔ မသိမကၽြမ္းဖူးေသာ လူမ်ိဳးရွိရာသို႔ ေဆာင္သြားေတာ္မူသျဖင့္၊ သင္သည္ အျခားတစ္ပါးေသာဘုရား၊ သစ္သားဘုရား၊ ေက်ာက္ဘုရားတို႔ကို ဝတ္ျပဳရလိမ့္မည္။
Burmese MCLZV
``ထာဝရဘုရားသည္သင္တို႔ႏွင့္သင္တို႔ ၏ဘုရင္ကို သင္တို႔ႏွင့္သင္တို႔၏ဘိုးေဘး မ်ားမေရာက္ဘူးေသာနိုင္ငံရပ္ျခားသို႔ ဖမ္းဆီးေခၚေဆာင္သြားေစေတာ္မူလိမ့္မည္။ သင္တို႔သည္ထိုျပည္တြင္သစ္သားႏွင့္ ေက်ာက္ႏွင့္ထုလုပ္ေသာဘုရားမ်ားကို ကိုးကြယ္ၾကလိမ့္မည္။-
Burmese MSBU
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
Burmese MSBZ
ထာဝရဘုရားသည္ သင့္ကိုလည္းေကာင္း၊ သင္တင္ေျမႇာက္ထားေသာ သင့္ကိုအုပ္စိုးသည့္ရွင္ဘုရင္ကိုလည္းေကာင္း သင္မသိ၊ သင့္ဘိုးေဘးတို႔လည္းမသိေသာ လူမ်ိဳးထံသို႔ ေဆာင္သြားေတာ္မူသျဖင့္ သင္သည္ ထိုအရပ္၌ အျခားဘုရားမ်ားျဖစ္သည့္ သစ္သားဘုရား၊ ေက်ာက္ဘုရားတို႔ကိုဝတ္ျပဳရလိမ့္မည္။