Deuteronomy 34:10 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-
Burmese 1835 Version Judson
ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။
Burmese 1928
ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား အ ပေါင်း တို့ အား ပြ သော သက် သေ နိ မိတ် လ က္ခ ဏာ များ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် ပြ သော လက် ရုံး တော် အား ကြီး၍ ကြောက် မက် ဖွယ် တန် ခိုး များ ကို ထောက် လျှင် ထာ ဝ ရ ဘု ရား တွေ့ ဆိုင် သိ ကျွမ်း တော် မူ ရာ မော ရှေ ကဲ့ သို့ ထို ကာ လ က စ၍ ဣသ ရေ လ လူ မျိုး တွင် ပ ရော ဖက် တစ် ပါး မျှ မ ပေါ် မ ထွန်း ချေ။
Burmese 2021
ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။
Burmese JBZV
ထာ​ဝ​ရ​ဘု​ရား​ေစ​လႊတ္​ေတာ္​မူ၍၊ အဲ​ဂု​တၱဳ​ျပည္​တြင္ ဖာ​ေရာ​ဘု​ရင္​ႏွင့္ သူ၏​ကၽြန္​မွ​စ၍ ျပည္​သား​အ​ေပါင္း​တို႔၌ နိ​မိတ္​လ​ကၡ​ဏာ၊ အံ့​ဖြယ္​ေသာ​အ​မွု အ​လုံး​စုံ​တို႔​ကို​ျပဳ၍၊ ဣ​သ​ေရ​လ အ​မ်ိဳး​သား​အ​ေပါင္း​တို႔​ေရွ႕​မွာ မ​ဟာ​တန္​ခိုး​ေတာ္​ႏွင့္ အ​လြန္​ေၾကာက္​မက္​ဖြယ္​ေသာ အ​မွု​အ​ရာ​အ​ေပါင္း​တို႔​ကို ျပ​ေလ​ရာ​တြင္၊ ထာ​ဝ​ရ​ဘု​ရား၏ မ်က္​ႏွာ​ေတာ္​ကို ကိုယ္​တိုင္​ကိုယ္​ၾကပ္​ဖူး​ျမင္​ရ​ေသာ ပ​ေရာ​ဖက္​ေမာ​ေရွ​ကဲ့​သို႔ ေနာက္​တစ္​ဖန္ ဣ​သ​ေရ​လ​အ​မ်ိဳး၌ သူ​ႏွင့္​တူ​ေသာ ပ​ေရာ​ဖက္​တစ္​စုံ​တစ္​ပါး​မၽွ မ​ေပၚ​မ​ထြန္း။ ရွင္​ေမာ​ေရွ​စီ​ရင္​ေရး​ထား​ေသာ တ​ရား​ေဟာ​ရာ​က်မ္း​ၿပီး၏။
Burmese MCLZV
ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​တြင္ ေမာ​ေရွ​ကဲ့ သို႔​ေသာ​ပ​ေရာ​ဖက္​မ​ေပၚ​ထြန္း​ေတာ့​ေခ်။ သူ သည္​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ္​တိုင္​ကိုယ္ ၾကပ္​သိ​ကၽြမ္း​သူ​ျဖစ္​သည္။-
Burmese MSBU
ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။
Burmese MSBZ
ထို​အခ်ိန္​မွစ၍ အစၥေရး​လူမ်ိဳး​တြင္ ေမာေရွ​ကဲ့သို႔ ထာဝရဘုရား​အား တရင္းတႏွီး​သိကြၽမ္း​ေသာ ပေရာဖက္​တစ္ပါး​မွ် မ​ေပၚထြန္း​ေတာ့​ေပ​။