Deuteronomy 7:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
Burmese 1835 Version Judson
အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။
Burmese 1928
အ ဘယ် ကြောင့် ဆို သော်၊ ထို လူ မျိုး တို့ သည် သင် တို့ သား များ ကို အ ခြား ဘု ရား များ အား ဝတ် ပြု စေ ခြင်း ငှါ၊ နောက် တော် မှ လွှဲ ဖယ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ အ ဆော တ လျင် ပယ် ရှား တော် မူ လိမ့် မည်။
Burmese 2021
အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။
Burmese JBZV
အေၾကာင္းမူကား၊ သူတို႔သည္ သင္၏သားကို ငါ၌မဆည္းမကပ္ေစဘဲ၊ အျခားတစ္ပါးေသာဘုရားအား ဝတ္ျပဳေစျခင္းငွာ ေသြးေဆာင္ၾကလိမ့္မည္။ ထိုအခါ အမ်က္ထြက္၍ သင္တို႔ကို ခ်က္ခ်င္းဖ်က္ဆီးေတာ္မူလိမ့္မည္။
Burmese MCLZV
ထိုသို႔ျပဳလၽွင္သင္တို႔သည္သင္တို႔၏သား သမီးမ်ားအား ထာဝရဘုရားကိုစြန႔္၍ အျခားေသာဘုရားမ်ားကိုကိုးကြယ္ေစ ၾကလိမ့္မည္။ ထိုအခါထာဝရဘုရားသည္ အမ်က္ထြက္၍ သင္တို႔ကိုခ်က္ျခင္းဖ်က္ ဆီးပစ္ေတာ္မူလိမ့္မည္။-
Burmese MSBU
အကြောင်းမူကား သူတို့သည် သင်တို့၏သားကို ငါ့ထံမှ လမ်းလွဲစေ၍ အခြားဘုရားများကို ဝတ်ပြုစေကြလိမ့်မည်။ ထိုအခါ ထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကို အလျင်အမြန်ဖျက်ဆီးတော်မူလိမ့်မည်။
Burmese MSBZ
အေၾကာင္းမူကား သူတို႔သည္ သင္တို႔၏သားကို ငါ့ထံမွ လမ္းလြဲေစ၍ အျခားဘုရားမ်ားကို ဝတ္ျပဳေစၾကလိမ့္မည္။ ထိုအခါ ထာဝရဘုရားသည္ အမ်က္ထြက္၍ သင္တို႔ကို အလ်င္အျမန္ဖ်က္ဆီးေတာ္မူလိမ့္မည္။