Ephesians 1:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။-
Burmese 1835 Version Judson
ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
Burmese 1928
ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။
Burmese 2021
ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။-
Burmese JBZV
ထိုတန္ခိုးေတာ္ကား၊ ခရစ္ေတာ္ကို ေသျခင္းမွထေျမာက္ေစေတာ္မူ၍ ခရစ္ေတာ္၌ျပဳျပင္ေသာ မဟာတန္ခိုး အာႏုေဘာ္အရွိန္ကဲ့သို႔ျဖစ္၏။-
Burmese MCLZV
ခရစ္ေတာ္ကိုေသျခင္းမွရွင္ျပန္ထေျမာက္ ေစေတာ္မူ၍ ေကာင္းကင္ေလာကတြင္မိမိ ၏လက္ယာေတာ္ဘက္၌စံျမန္းေစေတာ္ မူေသာအခါက ဘုရားသခင္အသုံးျပဳ ေတာ္မူခဲ့သည့္တန္ခိုးေတာ္ပင္ျဖစ္သတည္း။-
Burmese MSBU
ဘုရားသခင်သည် ထိုအစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့ကို ခရစ်တော်ထဲ၌ သက်ဝင်လှုပ်ရှားစေတော်မူ၍ ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေကာ
Burmese MSBZ
ဘုရားသခင္သည္ ထိုအစြမ္းသတၱိႏွင့္တန္ခိုးအရွိန္အဝါတို႔ကို ခရစ္ေတာ္ထဲ၌ သက္ဝင္လႈပ္ရွားေစေတာ္မူ၍ ခရစ္ေတာ္ကို ေသေသာသူတို႔ထဲမွ ထေျမာက္ေစကာ