Ephesians 6:18 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-
Burmese 1835 Version Judson
ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။
Burmese 1928
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
Burmese 2021
ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-
Burmese JBZV
ကာ​လ​အ​စဥ္ စိတ္​ႏွ​လုံး​ပါ​လ်က္ ဆု​ေတာင္း ပ​တၳ​နာ​ျပဳ​ျခင္း​အ​မ်ိဳး​မ်ိဳး​တို႔​ျဖင့္ ဆု​ေတာင္း​ၾက​ေလာ့။ ထို​သို႔ ဆု​ေတာင္း​ျခင္း​ငွာ အား​မ​ေလ်ာ့​ဘဲ​လ်က္၊ ငါ​မွ​စ၍ သန္႔​ရွင္း​သူ အ​ေပါင္း​တို႔​အ​ဖို႔ ဆု​ေတာင္း​လ်က္ ေစာင့္​ေရွာက္​ၾက​ေလာ့။-
Burmese MCLZV
သင္​တို႔​အား​ကူ​ညီ​ေစာင္​မ​ေတာ္​မူ​ရန္​ဘု​ရား သ​ခင္​အား​အ​စဥ္​အ​ျမဲ​ဆု​ေတာင္း​ၾက​ေလာ့။ ဝိ​ညာဥ္​ေတာ္​ညႊန္​ၾကား​ေတာ္​မူ​သည့္​အ​တိုင္း အ​ခါ​ခပ္​သိမ္း​ဆု​ေတာင္း​ၾက​ေလာ့။ ထို႔​ေၾကာင့္ နိုး​နိုး​ၾကား​ၾကား​ေန​ၾက​ေလာ့။ ဇြဲ​သတၱိ​ရွိ​ၾက ေလာ့။ အ​ခါ​မ​လပ္​ဘု​ရား​သ​ခင္​၏​လူ​စု ေတာ္​အ​တြက္​ဆု​ေတာင္း​ၾက​ေလာ့။-
Burmese MSBU
အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။
Burmese MSBZ
အမ်ိဳးမ်ိဳး​ေသာ ဆုေတာင္း​ျခင္း​ႏွင့္​အသနားခံ​ျခင္း​တို႔​ျဖင့္ အခ်ိန္​ရွိ​သေ႐ြ႕ ဝိညာဥ္​ေတာ္​၌​ဆုေတာင္း​ၾက​ေလာ့။ ထိုသို႔​ျပဳ​ႏိုင္​ရန္ ႏိုးႏိုးၾကားၾကား​ရွိ​လ်က္ ဇြဲ​လုံ႔လ​အျပည့္အဝ​ျဖင့္ သန႔္ရွင္း​သူ​အေပါင္း​တို႔​အတြက္ အသနားခံ​ၾက​ေလာ့။