Esther 1:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-
Burmese 1835 Version Judson
ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။
Burmese 1928
ထို နေ့ ရက် ကာ လ လွန် ပြီး နောက်၊ ဘု ရင် မင်း သည်၊ ကျောက် ဖြူ တိုင် များ၌ ငွေ ချောင်း လျှို လျက်၊ လျှော် ချည်၊ အ မောင်း ချည် ကြိုး ဖြင့် ဆွဲ ကာ သော ပိတ် ချော အ ဖြူ၊ အ ပြာ တင်း တိမ် ရံ များ နှင့် လည်း ကောင်း၊ ကျောက် အ မောင်း၊ အ ဖြူ၊ အ ဝါ၊ အ နက် ခင်း သော သ မံ တ လင်း ပေါ် တွင် ရွှေ ဖ တိုင်၊ ငွေ ဖ တိုင် များ နှင့် လည်း ကောင်း၊ ခင်း ကျင်း သော နန်း မြို့ ရိုး အ တွင်း၊ ဥ ယျာဉ် တော်၌။ ရှု ရှန် မြို့ နန်း တော် သို့ လာ ရောက် စု ရုံး ပြီး လူ အ ယုတ် အ လတ် အ မြတ် တို့ အ ဖို့၊ ခု နစ် ရက် ပတ် လုံး စား သောက် ပွဲ သ ဘင် ယင် ရာ၊
Burmese 2021
ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို​နေ့ရက်​စေ့​ပြီးနောက် မင်းကြီး​သည် ရှုရှန်​နန်းတော်​အတွင်း အကြီးဆုံး​မှစ၍​အငယ်ဆုံး​တိုင်အောင် ရှိသမျှ​လူ​အပေါင်း​တို့​အတွက် ဘုရင့်​နန်းတော်​ဥယျာဉ်​ဝင်း​တွင် ခုနစ်​ရက်​တိုင်တိုင်​စားသောက်ပွဲ​ကျင်းပ​ပေး​၏​။
Burmese MSBZ