Esther 2:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။-
Burmese 1835 Version Judson
တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ၊ ဝါရှိတိကို၎င်း၊ သူပြုသောအမှုနှင့် သူ့တဘက် ၌စီရင်သော အမှုကို၎င်း အောက်မေ့တော်မူ၏။
Burmese 1928
ထို နောက်၊ အာ ရွှေ ရု မင်း စိတ် ပြေ သော အ ခါ၊ ဝါ ရှ တိ နှင့် သူ ပြု သော အ မှု ကို လည်း ကောင်း၊ စီ ရင် ချက် ကို လည်း ကောင်း၊ သ တိ ရ သော်၊
Burmese 2021
တစ်ဖန် ရှင်ဘုရင်အာရွှေရုသည် စိတ်တော်ပြေသောအခါ၊ ဝါရှတိကိုလည်းကောင်း၊ သူပြုသောအမှုနှင့် သူ့တစ်ဖက်၌စီရင်သော အမှုကိုလည်းကောင်း အောက်မေ့တော်မူ၏။
Burmese JBZV
တစ္ဖန္ ရွင္ဘုရင္အာေရႊ႐ုသည္ စိတ္ေတာ္ေျပေသာအခါ၊ ဝါရွတိကိုလည္းေကာင္း၊ သူျပဳေသာအမွုႏွင့္ သူ႔တစ္ဖက္၌စီရင္ေသာ အမွုကိုလည္းေကာင္း ေအာက္ေမ့ေတာ္မူ၏။
Burmese MCLZV
ထိုေနာက္မင္းႀကီးသည္အမ်က္ေတာ္ေျပ ေသာအခါ ဝါရွတိျပဳခဲ့သည့္အမွုကို လည္းေကာင္း၊ မိမိထုတ္ျပန္ေၾကျငာခဲ့သည့္ အမိန႔္ကိုလည္းေကာင္းသတိရေတာ္မူ၏။-
Burmese MSBU
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။
Burmese MSBZ
ထို႔ေနာက္တြင္ အာေ႐ႊ႐ုမင္းႀကီးသည္ အမ်က္ေျပ၍ ဝါရွတိကိုသတိရေလ၏။ ဝါရွတိျပဳမူခဲ့ပုံႏွင့္ သူ႔အေပၚ အျပစ္ဒဏ္ခ်ခဲ့ပုံတို႔ကိုလည္း သတိရေလ၏။