Esther 3:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
Burmese 1835 Version Judson
ထိုနောက်မှ ရှင်ဘုရင်သည် အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ၏။
Burmese 1928
ထို အ ခြင်း အ ရာ နောက်၊ အာ ရွှေ ရု မင်း သည်၊ အာ ဂတ် အ မျိုး ဟ မ္မေ ဒါ သ သား ဟာ မန် ကို သူ ကောင်း ပြု၍၊ အ ပါး တော် မြဲ မှူး တော် မတ် တော် တ ကာ တို့ ထက် နေ ရာ ထူး ပေး သည် နှင့် အ ညီ၊
Burmese 2021
ထိုနောက်မှ ရှင်ဘုရင်အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍မြင့်မြတ်သော နေရာကို ပေးတော်မူ၏။
Burmese JBZV
ထိုေနာက္မွ ရွင္ဘုရင္အာေရႊ႐ုသည္ အာဂတ္အမ်ိဳး၊ ဟေမၼဒါသသားဟာမန္ကို ခ်ီးေျမႇာက္၍၊ အထံေတာ္၌ရွိေသာ မွူးမတ္အေပါင္းတို႔ထက္ သာ၍ျမင့္ျမတ္ေသာ ေနရာကို ေပးေတာ္မူ၏။
Burmese MCLZV
ကာလအနည္းငယ္ၾကာေသာ္ေဇရဇ္မင္း သည္အာဂတ္ မွဆင္းသက္သူ၊ ဟေမၼဒါသ၏သားဟာမန္ အားဝန္ႀကီးခ်ဳပ္အျဖစ္ခ်ီးျမႇင့္ေတာ္မူ၏။-
Burmese MSBU
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
Burmese MSBZ
ထို႔ေနာက္တြင္ အာေ႐ႊ႐ုမင္းႀကီးသည္ အာဂတ္အမ်ိဳးဟေမၼဒါသ၏သားဟာမန္ကို ခ်ီးျမႇင့္ေျမႇာက္စားေလ၏။ သူ၌ရွိေသာမႉးမတ္အေပါင္းတို႔ထက္ ရာထူးတိုးျမႇင့္ေပး၏။