Esther 3:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
Burmese 1835 Version Judson
ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။
Burmese 1928
ပ ဌ မ လ ဆယ့် သုံး ရက် တွင် သံ တော် ဆင့် များ ကို ခေါ်၍၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့၏ ဘု ရင် ခံ ချုပ်၊ ဘု ရင် ခံ၊ မှူး တော် မတ် တော် တို့ ထံ၊ ဟာ မန် မိန့် မှာ သ မျှ ကို၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့ ဘာ သာ အ က္ခ ရာ အ လိုက်၊ အာ ရွှေ ရု မင်း အ မည် တော် ဖြင့် ရေး လျက်၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး လျှင်၊
Burmese 2021
ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။
Burmese JBZV
ထိုအခါ ပထမလ တစ္ဆယ္သုံးရက္ေန႔တြင္၊ စာေရးေတာ္ႀကီးတို႔ကိုေခၚ၍ ကိုယ္စားေတာ္မင္း၊ အျပည္ျပည္အုပ္ေသာ ၿမိဳ႕ဝန္၊ အရပ္ရပ္စီရင္ေသာ သူႀကီးတို႔ကို ဟာမန္မွာထားသမၽွအတိုင္း၊ လူအမ်ိဳးမ်ိဳးေျပာေသာ စကားအသီးအသီးအားျဖင့္ ရွင္ဘုရင္ အာေရႊ႐ု၏အမိန္႔ေတာ္ကို စာေရး၍၊ ရွင္ဘုရင္၏ လက္စြပ္ေတာ္ႏွင့္ တံဆိပ္ခတ္ေလ၏။
Burmese MCLZV
ပထမလ၊ ဆယ့္သုံးရက္ေန႔၌ဟာမန္သည္ မင္းႀကီး၏အတြင္းဝန္မ်ားကိုေခၚ၍ အမိန႔္ ေၾကျငာခ်က္ေရးသားရန္ႏွုတ္တိုက္ခ်၍ ေပးေလသည္။ ထိုေနာက္ထိုအမိန႔္ကိုအင္ ပါယာနိုင္ငံေတာ္အတြင္းရွိလူအမ်ိဳး မ်ိဳးတို႔၏ဘာသာစကားသို႔ျပန္ဆိုေရး သားေစ၍အုပ္ခ်ဳပ္သူမ်ား၊ ဘုရင္ခံမ်ား ႏွင့္မင္းအရာရွိထံသို႔ေပးပို႔၏။ ထိုအမိန႔္ ေတာ္ကိုေဇရဇ္မင္း၏နာမည္ႏွင့္ထုတ္ ျပန္ကာ ဘုရင့္တံဆိပ္ေတာ္ခတ္ႏွိပ္ထား ေလသည္။-
Burmese MSBU
ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။
Burmese MSBZ
ထိုအခါ ပထမလ၊ တစ္ဆယ့္သုံးရက္ေန႔တြင္ ဘုရင့္စာေရးေတာ္ႀကီးမ်ားကို ဆင့္ေခၚ၍ ဟာမန္ေျပာၾကားသည့္အတိုင္း အမိန႔္စာကိုေရးသားေစၿပီး အုပ္ခ်ဳပ္ေရးအရာရွိမင္းမ်ား၊ နယ္ေျမေဒသအသီးသီးကိုအုပ္ခ်ဳပ္ေသာဘုရင္ခံမ်ားႏွင့္ လူမ်ိဳးအသီးသီးတို႔၏အႀကီးအကဲမ်ားထံသို႔ နယ္ေျမေဒသအလိုက္ သူ႔စာေပ၊ သူ႔လူမ်ိဳး၏ဘာသာစကားျဖင့္ ေပးပို႔၏။ ထိုစာကို အာေ႐ႊ႐ုမင္းႀကီး၏နာမည္တပ္၍ ရွင္ဘုရင္၏တံဆိပ္တုံးလက္စြပ္ေတာ္ျဖင့္ ခတ္ႏွိပ္ေလ၏။