Esther 4:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
Burmese 1835 Version Judson
ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
Burmese 1928
ထို အ မှု ခပ် သိမ်း ကို မော် ဒ ကဲ သိ သော်၊ အ ဝတ် ဆုတ် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ ပြာ တင် ခြင်း များ ကို ပြု လျက်၊ မြို့ တွင်း သို့ သွား ပြီး လျှင်၊ အ လွန် နစ် နာ သ ဖြင့် ပြင်း ထန် စွာ အော် ဟစ်၍၊
Burmese 2021
ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကို ဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
Burmese JBZV
ထိုအမွုရွိသမၽွကို ေမာ္ဒကဲသိေသာအခါ၊ မိမိ အဝတ္ကို ဆုတ္၍ ျပာႏွင့္လူးလ်က္၊ ေလၽွာ္ေတအဝတ္ကို ဝတ္လ်က္၊ ၿမိဳ႕အလယ္သို႔သြား၍ ႀကီးက်ယ္ေသာအသံႏွင့္ ငိုေႂကြးေလ၏။
Burmese MCLZV
ဤအျဖစ္အပ်က္အလုံးစုံကို ေမာ္ဒကဲ သိရေသာအခါျပင္းစြာစိတ္ဒုကၡေရာက္လ်က္ မိမိ၏အဝတ္မ်ားကိုဆုတ္ၿပီးလၽွင္ေလၽွာ္ ေတကိုဝတ္၍ဦးေခါင္းကိုျပာႏွင့္လူး၏။ ထို ေနာက္သူသည္ျပင္းျပစြာငိုေႂကြးျမည္တမ္း လ်က္ နန္းေတာ္အဝင္ဝသို႔ေရာက္သည္တိုင္ ေအာင္ၿမိဳ႕ကိုျဖတ္၍ေလၽွာက္သြားေလသည္။ မည္သူမဆိုေလၽွာ္ေတကိုဝတ္၍ နန္းတြင္း သို႔မဝင္ရေသာေၾကာင့္သူသည္နန္းတြင္း သို႔မဝင္ေခ်။-
Burmese MSBU
ထိုအကြောင်းအရာအလုံးစုံကို မော်ဒကဲ ကြားသိသောအခါ မိမိအဝတ်တို့ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် ပြာ၌လူးလေ၏။ ထို့နောက် မြို့လယ်ခေါင်သို့သွားကာ ကျယ်လောင်စွာ ခါးခါးသီးသီး အော်ဟစ်ငိုကြွေးလေ၏။
Burmese MSBZ
ထိုအေၾကာင္းအရာအလုံးစုံကို ေမာ္ဒကဲ ၾကားသိေသာအခါ မိမိအဝတ္တို႔ကိုဆုတ္ၿဖဲ၍ ေလွ်ာ္ေတအဝတ္ကိုဝတ္ၿပီးလွ်င္ ျပာ၌လူးေလ၏။ ထို႔ေနာက္ ၿမိဳ႕လယ္ေခါင္သို႔သြားကာ က်ယ္ေလာင္စြာ ခါးခါးသီးသီး ေအာ္ဟစ္ငိုေႂကြးေလ၏။