Esther 4:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။-
Burmese 1835 Version Judson
ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ရှုရှန်နန်းတော်၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး၍၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ၏။
Burmese 1928
ဧ သ တာ့ ထံ ဖော် ပြ စေ ခြင်း ငှာ၊ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် စေ ဟူ သော၊ ရှု ရှန် နန်း တော် မှ ထုတ် ဆင့် ပြီး ရာ ဇ သတ် စာ တန်း ကို အပ် လျက်၊ ဘု ရင် မင်း ထံ ကိုယ့် လူ မျိုး အ တွက် ဝင် ရောက် တောင်း လျောက် အ သ နား တော် ခံ ရန် မှာ ထား လိုက် သည့် အ တိုင်း၊
Burmese 2021
ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။
Burmese JBZV
ယုဒလူတို႔ကို ဖ်က္ဆီးျခင္းငွာ၊ ရွုရွန္နန္းေတာ္၌ထုတ္ေသာ အမိန္႔ေတာ္စာလက္ခံကို ဧသတာအားျပဖို႔ေပး၍၊ ဧသတာသည္ မိမိလူမ်ိဳးအဖို႔ ေတာင္းေလၽွာက္ျခင္းငွာ၊ ရွင္ဘုရင္ထံသို႔ ဝင္ရမည္အေၾကာင္း မွာလိုက္ေလ၏။
Burmese MCLZV
ယုဒအမ်ိဳးသားမ်ားအားကြပ္မ်က္ရန္ အတြက္ ရွုရွန္ၿမိဳ႕တြင္ထုတ္ျပန္ထားသည့္ အမိန႔္ေၾကျငာခ်က္မိတၱဴတစ္ေစာင္ကို လည္းေပးလိုက္၏။ ေမာ္ဒကဲသည္ဟာတက္ အား``ဤအမိန႔္ေၾကျငာခ်က္မိတၱဴကိုဧသ တာအားေပး၍ ျဖစ္ပ်က္လ်က္ရွိသည့္ အေျခအေနကိုရွင္းျပပါေလာ့။ ထိုေနာက္ သူ႔အားမင္းႀကီးထံသို႔ဝင္၍ မိမိ၏လူ မ်ိဳးအေပၚတြင္က႐ုဏာထားေတာ္မူရန္ ေလၽွာက္ထားေတာင္းပန္ေစပါေလာ့'' ဟု မွာၾကားလိုက္ေလသည္။-
Burmese MSBU
ထို့ပြင် ဂျူးလူမျိုးတို့ကိုဖျက်ဆီးမည့်အကြောင်း ရှုရှန်မြို့တွင် ကြေညာသည့် အမိန့်စာမိတ္တူကိုလည်း ပေးလိုက်၏။ ဤစာကို ဧသတာအားပြ၍ သူ့ကိုရှင်းပြရန်နှင့် ဧသတာအား ရှင်ဘုရင်ထံသို့ဝင်၍ ကိုယ့်လူမျိုးတို့အတွက် မင်းကြီးထံအသနားခံတောင်းလျှောက်ရန် မှာလိုက်လေ၏။
Burmese MSBZ
ထို႔ျပင္ ဂ်ဴးလူမ်ိဳးတို႔ကိုဖ်က္ဆီးမည့္အေၾကာင္း ရႈရွန္ၿမိဳ႕တြင္ ေၾကညာသည့္ အမိန႔္စာမိတၱဴကိုလည္း ေပးလိုက္၏။ ဤစာကို ဧသတာအားျပ၍ သူ႔ကိုရွင္းျပရန္ႏွင့္ ဧသတာအား ရွင္ဘုရင္ထံသို႔ဝင္၍ ကိုယ့္လူမ်ိဳးတို႔အတြက္ မင္းႀကီးထံအသနားခံေတာင္းေလွ်ာက္ရန္ မွာလိုက္ေလ၏။